top of page

မြစ်ကြီးနားမြို့ရှိ ပုဂ္ဂလိကဘဏ်များတွင် ငွေသားထုတ်ယူမှု ကန့်သတ်ထား

  • Writer: Pajau Media
    Pajau Media
  • Jul 15, 2024
  • 1 min read

ပါဂျောင်မီီဒီယာ

၁၅ရက်၊ဇူလိုင်လ၊၂၀၂၄ ခုနှစ်။





ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း ပုဂ္ဂလိကဘဏ်များမှ ငွေသားထုတ်ယူသုံးစွဲမှုကို ကန့်သတ်ထားကြောင်း သိရသည်။


လက်ရှိ ပုဂ္ဂလိကဘဏ်များတွင် Special ဘဏ်ငွေစာရင်းများကို တစ်နေ့လျှင် သိန်း၂၀အထိသာ အများဆုံးထုတ်ပေးနေကြသည့်အပြင်၊ ရိုးရိုးအကောင့်နှင့် ATMစက်များမှာ တစ်ပတ် ၁၀ သိန်းအထိသာ အများဆုံးထုတ်ပေးနေကြသည်။


စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ၁ရက်နေ့တွင် မြန်မာပြည်သူများ အသုံးများသော ရိုးမဘဏ်၊ ဧရာဝတီဘဏ်၊ UAB ဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် စသည့် ဘဏ်၇ခုနှင့် တာဝန်ရှိသူများကို ဗဟိုဘဏ်မှ သတ်မှတ်ထားသော ရာခိုင်နှုန်းထက် အိမ်ရာချေးငွေများ ထုတ်ချေးခဲ့သည့်အတွက် အရေးယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။


ယင်းကြေညာချက်ထုတ်ပြန်ပြီးနောက် ဇူလိုင်လ၂ရက်နေ့မှစ၍ ပုဂ္ဂလိကဘဏ်များတွင် ငွေထုတ်ယူသူများ အလွန်များပြားလာခဲ့ပြီး၊ စစ်ကောင်စီက ဘဏ်မှ ငွေထုတ်ယူမှုများကိုလည်း ကန့်သတ်ခဲ့ကြောင်း သိရသည်။

ဘဏ်ဝန်ထမ်းများ ပြောပြချက်အရ ပုဂ္ဂလိကဘဏ်များတွင် ငွေသားထုတ်ပေးမှု ကန့်သတ်မှုများမှာ စစ်ကောင်စီ၏ ဗဟိုဘဏ်မှ ညွန်ကြားချက်ဖြင့် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်းနှင့် ပုဂ္ဂလိဘဏ်များ၏ နေ့စဉ် အပ်ငွေလက်ခံရရှိမှု၊ ငွေထုတ်ယူမှု စသည့်အခြေအနေများအားလုံးကို စစ်ကောင်စီ၏ ဗဟိုဘဏ်သို့ တင်ပြကြရသည်ဟု ဆိုသည်။


ထို့ကြောင့် ဘဏ်များသည် ငွေထုတ်ယူမှုကို ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကတည်းက ကန့်သတ်လာပြီး၊ ဘဏ်တစ်ခုနှင့်တစ်ခုမှာ ငွေထုတ်ပေးမှုနှုန်း ပမာဏ မတူညီကြကြောင်းနှင့် ယခင်အပတ်မှာ ကျပ်သိန်း၅၀အထိ ထုတ်ယူခွင့်ရပေမယ့် ယခုတစ်ပတ်မှာတော့ တစ်နေ့လျှင် ကျပ်သိန်း၂၀အထိသာ ထုတ်ပေးလာခြင်း ဖြစ်ကြောင်းသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page