top of page

မြစ်ကြီးနာမြို့ရှိ လောင်းကစားရုံတစ်ခုကို စစ်တပ်နှင့် ရဲများ သေနတ်ပစ်‌ခတ်ကာ ဝင်ရောက်ဖမ်းဆီးမှု ဖြစ်ပွား

  • Writer: Pajau Media
    Pajau Media
  • Mar 6, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၆ရက်၊မတ်လ၊၂၀၂၄ခုနှစ်။


မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်၊ အထကကျောင်းအနီးရှိ လောင်းကစားရုံတစ်ခုကို ယမန်နေ့ည ၆နာရီ ၃၀မိနစ်အချိန်ခန့်၌ အင်အား ၃၀ကျော်ရှိသည့် စစ်တပ်နှင့်ရဲ ပူးပေါင်းတပ်ဖွဲ့များမှ သေနတ်ဖြင့် ပစ်ဖောက်ကာ ဝင်ရောက်ဖမ်းဆီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်ဖြစ်ပွားသည့် နေရာအနီးဝန်းကျင်တွင် နေထိုင်သူ ဒေသခံများက “အရင်ကတော့ တစ်လကို ဆက်ကြေး သိန်း၈၀ ပေးနေတာ အခုက ၅ရက်လွန်သွားလို့ လာဖမ်းတာလို့ ပြောကြတာပဲ၊ တစ်ခြားကိစ္စတွေလဲ ရှိရင်ရှိမှာပေါ့။ သူတို့က အစထဲက အတူတူပေါင်းလုပ်ကြတာပဲဆိုတော့လေ” ဟု ပြောသည်။


စစ်တပ်နှင့်ရဲ ပူးပေါင်းတပ်များက သေနတ်ပစ်ဖောက်ကာ လာရောက်ဖမ်းဆီးချိန်တွင် ဖမ်းမိသည့် ကားနှင့် ဆိုင်ကယ်များကို အမှတ်၂ ရဲစခန်းသို့ ယူဆောင်သွားကြပြီး၊ ထွက်ပြေးသူအချို့ကိုလည်း သေနတ်နှင့်ပစ်ဖောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။


ယင်းလောင်းကစားရုံတွင် ပုံမှန်အားဖြင့် လာရောက်လောင်းကစားသူ ၅၀ မှ ၈၀ နီးပါးခန့်ရှိပြီး ၊ လူဘယ်နှစ်ယောက်ပါသွားသည်ကို အတိအကျမသိရသေးကြောင်းကို


"လူအင်အားက ပုံမှန်ဆို ၅၀ နဲ့ ၈၀ ကြားရှိတယ် အဲ့တိုက်မှာက၊ ဒီညတော့ဘယ်နှယောက်ပါသွားလဲမသိဘူး။ သေနတ်သံတွေနဲ့ဆိုတော့ ကျွန်တော်တို့လဲ ထွက်မကြည့်ရဲဘူးလေ" ဟု အနီးအနားရှိသူများက ထပ်မံပြောကြားသည်။


ထို့အပြင် ယနေ့ နေ့လည်အချိန်ခန့်အထိ ယင်းလောင်းကစားရုံနေရာဝန်းကျင်တွင် စစ်တပ်နှင့် ရဲပူးပေါင်းတပ်များ ထပ်မံနေရာယူ စောင့်ကြပ်လျက်ရှိနေကြောင်း သိရသည်။


အလားတူ မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေတောင်ဂါးဒင်းနှင့် ယခင် 831 ကလပ်နေရာရှိ လောင်းကစားဝိုင်းကြီးများကိုလည်း တိုင်းမှုးအပြောင်းအလဲ ဖြစ်စဉ်များ ဖြစ်ပြီးနောက် ပိတ်သိမ်းခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရသည်။


နောက်ဆက်တွဲသတင်းအရ အဆိုပါဖမ်းဆီးခံရသူများမှာ ထွက်ပေါ်နေသည့်အချို့သောကောလဟာလများကဲ့သို့ ပေါ်တာဆွဲခြင်းမဟုတ်ပဲ လက်ရှိအချိန်တွင် မြစ်ကြီးနားတရားရုံးချုပ်ရှိ အချုပ်ခန်းသို့အမှုစစ်ဆေးရန်ရောက်ရှိနေပြီဖြစ်ကြောင်းသိရှိရသည်။


သတင်း- ဒေဝ



ဓာတ်ပုံ - ယနေ့နေ့လည်ခင်းအချိန်ထိ အဆိုပါလောင်းကစားရုံရှေ့တွင် စောင့်ကြပ်လျှက်ရှိသော စစ်သားများအားတွေ့ရစဉ်…


Comments


Pajau Media

Thanks for subscribing!

bottom of page