top of page

မြစ်ကြီးနားမြို့ရှိဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် (၇၅၆)စင်တီမီတာသို့ထပ်မံမြှင့်တက်

  • Writer: Pajau Media
    Pajau Media
  • Jun 21, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၁ရက်၊ဇွန်လ၊၂၀၂၅။


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်ရေမှာ ယနေ့ဇွန်လ၂၁ရက် နံနက်၆နာရီ၃၀မိနစ်အချိန်တိုင်းတာချက်အရ (၇၅၆)စင်တီမီတာအထိ တစ်ဖန်ပြန်လည် မြင့်တက်လာနေပြီး၊ စိုးရိမ်ရေအမှတ်သို့ ဖြေးဖြေးချင်း ဆက်လက်တက်နေအုံးမည်ဖြစ်ကြောင်း ဇလဗေဒ ညွှန်ကြားရေးမှူးက ထုတ်ပြန်ထားသည်။


မြစ်ကြီးနားမြစ်ရေမှာ စိုးရိမ်ရေအမှတ် (၁၂၀၀)စင်တီမီတာသို့ ရောက်ရှိရန် (၄၄၄)စင်တီမီတာ၊ (၁၄)ပေခွဲခန့်အလိုတွင် ရောက်ရှိနေကြောင်း၊ မြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနှင့် ဧရာဝတီမြစ်အထက်ပိုင်း ဒေသများမှာ တိမ်ဖြစ်ထွန်းမှု ပိုမိုအားကောင်းလာသောကြောင့် မိုးပိုလာနိုင်ကြောင်းနှင့်မြစ်ဆုံ အထက်ပိုင်းတွင် မိုးအသင့်တင့် ရွာသွန်းလျှက်ရှိနေသည့်အတွက် မြစ်ကြီးနားမြစ်ရေမှာ ဖြေးဖြေးချင်း ဆက်လက်မြင့်တက်နေအုံးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။


သို့သော် မြစ်ရေအတက်အကျမှာ ပုံမှန်အနေအထားခန့်တွင် ရှိနေကာ၊ ထူးကဲ မြစ်ရေကြီးနိုင်သည့် အခြေအနေမတွေ့ရှိသေးကြောင်းလည်း ဖော်ပြထားသည်။


ကချင်ပြည်နယ် မြစ်ကြီးနားမြို့အပါအဝင် အခြားမြို့များတွင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ကချင်ပြည်နယ်အထက်ပိုင်းတွင်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မေခနှင့် မလိခမြစ်ရေမြင့်တက်လာပြီး၊ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။


အဆိုပါ ရေကြီးရေလျှံမှုကြောင့် ပြည်သူ(၅)ဦးထက်မနည်း သေဆုံးခဲ့ရပြီး၊ နေအိမ်နှင့်လမ်းခရီး၊တံတားအများအပြား ထိခိုက်ပျက်စီးကာ ပြည်သူအများအပြား ရေဘေးဒုက္ခကြုံတွေ့ခံစားခဲ့ရကြောင်းလည်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page