top of page

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ ရွှေမင်းသမီးရွှေဆိုင် ဓားပြတိုက်ခံရ

  • Writer: Pajau Media
    Pajau Media
  • Jun 3, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၃ရက်၊ ဇွန်လ၊ ၂၀၂၄ ခုနှစ်။




ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ “ရွှေမင်းသမီး” ရွှေပန်းတိမ်နှင့် ရွှေရောင်းဝယ်ရေးဆိုင် ကို ယနေ့ နံနက် (၁၀)နာရီဝန်းကျင် အချိန်ခန့်က လက်နက်ကိုင်ဆောင်ထားသော အမည်မသိလူတစ်စုမှ လာရောက်ကာ ဓားပြတိုက်သွားကြောင်းသိရှိရသည်။


ဓားပြတိုက်ခံရသောရွှေဆိုင်မှာ မြစ်ကြီးနားမြို့ ၊ရမ်ပူရပ်ကွက်ရှိ အမှတ်(၂) ရဲစခန်း၏ မလှမ်းမကမ်းတွင်တည်ရှိသောကြောင့် မထင်မှတ်ထားသောအချိန်တွင် ဓားပြတိုက်ခံရတာဖြစ်ကြောင်း ရပ်ကွက်နေပြည်သူတစ်ဉီးမှပြောသည်။


 “ရွှေဆိုင် က အမှတ်(၂) ရဲစခန်းနဲ့ မဝေးဘူး၊ ကား ဆိုင်ကယ်နဲ့ဆို ၃ မိနစ်လောက်ပဲသွားရတာ။ အရပ်ဝတ်နဲ့ လူ ၄ ယောက်လောက် သေနတ်ကိုင်ပြီး ဓားပြလာတိုက်သွားတာ။ ရွှေတွေဘယ်လောက်ပါသွားလဲတော့မသိဘူး” ဟုမျက်​မြင်ပြည်သူတစ်ဦးမှ ​ပြောသည်။


ထို့အပြင် ဓားပြတိုက်ခံရပြီး ၁ နာရီခန့်အကြာတွင် အရပ်ဝတ်ရဲများ နှင့် စစ်သားများရောက်လာကာ ဆိုင်နှင့် ဆိုင်အနီးဝန်းကျင်တွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်နေကြောင်းသိရသည်။


မြစ်ကြီးနားမြို့ရှိ ရမ်ပူရပ်ကွက်သည် မူးယစ်ဆေးဝါးများကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ်ဖောက်ကား သုံးစွဲသောသူများ ကျက်စားရာနေရာတစ်ခုဖြစ်ပြီး၊ သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း ယနေ့အချိန်ထိ ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲမှုများကို တာဝန်ယူဖြေရှင်းပေးမှု မရှိသလောက်နည်းပါးကြောင်းသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page