top of page

မြစ်ကြီးနားမြို့ လည်ပတ်ရာနေရာ တစ်ခုဖြစ်သောအောင်မြင်သာအပန်းဖြေစခန်း အကန့်အသတ်မရှိ ပိတ်ထားရ

  • Writer: Pajau Media
    Pajau Media
  • Sep 10, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၀၊ ၉၊ ၂၀၂၄ ။



ကချင်ပြည်နယ်အတွင်း ယခုနှစ် မတ်လ ၇ ရက်နေ့မှ စ၍ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့်ပူးပေါင်းတပ်ဖွဲ့များ စစ်ရေးအရှိန်မြင့်တက်လာခဲ့ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ပြည်သူလူထုအပန်းဖြေရာ နေရာများဖြစ်သော မြစ်ဆုံနှင့် အောင်မြင်သာအပန်းဖြေစခန်းတို့ အကန့်အသတ်မရှိပိတ်လိုက်ကြောင်း သိရှိရသည်။


“အခုက ဘယ်ဧည့်သည်မှလည်း မလာဘူး.. လာလည်းမလာရဲဘူး … စစ်က ဘယ်အချိန်ထဖြစ်မလဲဆိုတာလည်း မသိဘူး …. ဟိုရေကြီးကတည်းက စပြီး ဆိုင်တွေ အကုန်လုံး အပြီးပိတ်လိုက်ဟုတ်တယ်” ဟု ဆိုင်ပိတ်ထားသည့်ဒေသခံတစ်ဦးမှ ပါဂျောင်မီဒီယာ သို့ပြောလာသည်။


အောင်မြင်သာအပန်းဖြေစခန်းတွင် ဆိုင်ခန်းပေါင်း ၂၀၀ ဝန်းကျင်ခန့်ရှိပြီး ယခုအခါတွင် ကုန်စျေးနှုန်းအဆမတန်ကြီးမြှင့်မှုနှင့်အတူ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များပါ စိုးရိမ်နေရသဖြင့် ဆိုင်ကိုမဖွင့်ရဲကြတော့ပဲ ပိတ်ထားရကြောင်း သိရှိရသည်။


၄င်းကိစ္စနှင့် စပ်လျဉ်း၍ အောင်မြင်သာအပန်းဖြေစခန်းဖွံ့ဖြိုးရေး ကော်မတီထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယခုထိ ဆက်သွယ်၍ မရပဲရှိနေသည်။ ထိုမျှမက အောင်မြင်သာအနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီမှု စုဆောင်းရေး ပြုလုပ်နေပြီး လူငယ်များစွာ အကြောင်းမဲ့ဖမ်းဆီးခံရလျှက်ရှိနေကြောင်း သိရှိရသည်။


ထို့အတူ ဆိုင်ပိတ်ထားသည့် ဆိုင်ရှင်တစ်ဦးမှ “ဆိုင်ပိတ်ထားရတော့ မိသားစု စားဝတ်နေရေးအတွက် ခက်ခဲ့တာပေါ့ဗျ … ပြီးတော့ ဒီမှာက လူငယ်တွေ လာကြတာ များတယ် … အခုနောက်ပိုင်းလူငယ်တွေလည်း ပေါ်တာဆွဲတော့ မလာရဲကြတော့ဘူး …. အက်ဒါအပြင် ကျန်ခဲ့တဲ့ဟိုလတုန်းက ရေကကြီးတော့ ဆိုင်ခန်းတွေလည်း ပျက်စီး … စားစရာ ကုန်စိမ်းတွေလည်း ရေမြုပ် … ဖုန်းလည်းဆက်သွယ်မရ … တော်တော်ကို ဒုက္ခရောက်ရပါတယ်ဗျာ” ဟု ပြောလာပါသည်။


ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကုန်စျေးနှုန်းကြီးမြင့်ခြင်းနှင့်ထပ်တူ စစ်ပွဲများဖြစ်လာမည်ကို ဒေသခံပြည်သူများ စိုးရိမ်နေကြပြီး ပြည်သူအပန်းဖြေနေရာများ ပိတ်ထားသောကြောင့် စားဝတ်နေရေးအတွက်ပူပန်နေကြရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page