top of page

မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ မလိခဝန်ထမ်းအိမ်ရာအနီးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား(၂)ဦးသေဆုံး

  • Writer: Pajau Media
    Pajau Media
  • Apr 26, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၆ရက်၊ဧပြီ၊၂၀၂၅။



ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်တွင် မနေ့က ည ၁၂ နာရီဝန်းကျင်လောက်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် လူနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။


“ဒီမနက်သွားကြည့်တော့ ဗုံးအစအနတွေ ဘားမှမတွေ့ရဘူး လမ်းလယ်မှာတော့ ဗုံးပေါက်ကွဲလို့ အပေါက်တော့ ကျန်နေတယ်၊ ဘေးနားက ဝန်ထမ်းအိမ်ရာတွေလည်း အနည်း ငယ်တော့ထိတယ်။” ဟု မြစ်ကြီးနားဒေသခံတစ်ဦိး ပြောပါတယ်။


ဗုံးပေါက်ကွဲသည့်နေရာဟာ သီတာရပ်ကွက်ပေါ်ရှိ မလိခဝန်ထမ်းအိမ်ရာဘေးလမ်းကြားတွင် ပေါက်ကွဲခဲ့ကြောင်းသိရသည်။


ထိုပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရကာ အခင်းဖြစ်ပွားသည့်နေရာကိုတော့ စစ်ကောင်းစီရဲ့ သက်ဆိုင်ရာဝန်ထမ်းများ လာရောက်စစ်ဆေးပြီးနောက် လက်နက်ကြီး လက်ကျန် အစအနများ မရှိတော့ကြောင်းသိရသည်။


မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် ဧပြီ ၂၅ရက် နံနက်ကစပြီး လက်နက်ကြီးသံများ အဆက်မပျက် ကြားခဲ့ရကြောင်းလည်းသိရသည်။


သတင်း- ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page