top of page

မြစ်ကြီးနားမြို့၊အင်ဂျန်ဒုံရပ်ကွက်ရှိ အမှိုက်ပုံတွင် သတ်ဖြတ်ခံထားရသည့်အမျိုးသမီးအလောင်းတစ်ခုအား လာရောက်စွန့်ပစ်ထား

  • Writer: Pajau Media
    Pajau Media
  • Mar 4, 2025
  • 1 min read

ပါ‌ဂျောင်မီဒီယာ။

၄ရက်၊မတ်လ၊၂၀၂၅။





ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်းလမ်းမကြီး အင်ဂျန်ဒုံအ.ထ.က(၆)ကျောင်းရှေ့က အမှိုက်တွင် အမျိုးသမီးအလောင်းတစ်လောင်းကို ထုပ်ပိုးချည်နှောင်ထားပြီး လာ‌ရောက်စွန့်ပစ်ထားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။


သေဆုံးသူကို လူမှုကူညီရေးအတင်းမှ မြစ်ကြီးနားဆေးရုံကြီးရင်ခွဲရုံတွင် ပြန်စစ်ဆေးရာ ရိုက်နက်နှိပ်စပ်ထားသော ဒဏ်ရာများရှိကြောင်းနှင့် ခြေထောက်နှစ်ဖက်တွင် ဆိုင်ကယ်ကြိုးနှင့် ချည်ထားခြင်း၊ လည်ပင်းတွင်လည်း နိုင်လွန်ကြိုးဖြင့် ချည်ထားပြီး မျက်နှာမှာလည်း ညိုမဲရာထင်နေကြောင်း လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦး ပြောပြချက်အရ သိရသည်။


“မျက်နှာလည်းညိုမဲနေတယ် ခန္တာကိုယ်လည်းရိုက်ခံထား နှိပ်စက်ထားတယ်။ ပြီးရင် လည်ပင်းနဲ့ခြေထောက်တွေကို ကြိုးနဲ့ချည်ထားတယ် လည်ပင်းမှာက နိုင်လွန်ကြိုးနဲ့ချည်ထားပြီး ခြေထောက်မှာက ဆိုင်ကယ်ကြိုးနှင့်ချည်ထားတယ်”ဟု လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦး ပြောသည်။


သေဆုံးသူသည် လက်ရှိချိန်ထိ မည်သူမည်ဝါမှန်းမသိရှိရသေးကြောင်း၊ နီးစပ်ရာ မိသားစုများထံလည်း အကြောင်းမကြားနိုင်သေးကြောင်း ‌‌ဒေသခံတစ်ဦးကပြောသည်။


လက်တလောမြစ်ကြီးနားမြို့တွင် ခိုးဆိုးလုယက်မှုပိုမိုများလာပြီး ပေါ်ပေါ်ထင်ထင်လုပ်ဆောင်လာတာကြောင့် လူပျောက်ဆုံးမှုမှာ ယခင်ကထက် ပိုမိုများပြားလာကာ ဓားထိုးအသတ်ခံရမှုလည်း ပိုမိုများပြားလာသည်။


ပြီးခဲ့သည့် ဖေဖဝါရီ၂၈ရက်ညတွင်လည်း မြစ်ကြီးနားစီတာပူရပ်ကွက်တွင် အမျိုးသမီးတစ်ဦး ဓားခုတ်သတ်ခံရမှု ဖြစ်ပွားခဲ့သေးသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page