မြစ်ကြီးနားမြို့အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရ
- Pajau Media

- Jul 17, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၁၇ရက်၊ဇူလိုင်လ၊၂၀၂၅။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဧရာရပ်ကွက်၊ထွေအုပ်ဝန်ထမ်း အိမ်ယာဝင်းအတွင်းသို့ ယမန်နေ့ ၁၆ရက်၊နံနက် ၄နာရီအချိန်ခန့်တွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးငယ်(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရပ်ကွက်နေဝန်ထမ်းများက ပြောသည်။
ယမန်နေ့ ၁၆ရက် နံနက်အစောပိုင်း (၄)နာရီအချိန်ခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်(၂)ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့ခြင်းဖြစ်ကာ နေအိမ်လည်း လက်နက်ကြီးစကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
"ဒီမနက် ၄ နာရီလောက်မှာ ကျရောက်ပေါက်ကွဲတာ အဲ့ဒီလက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့ နေအိမ်က ကလေးနှစ်ယောက် ဒဏ်ရာရသွားတယ်လို့ကြားတယ်။ ပြီးတော့ နေအိမ်လည်း ကျည်စတွေကြောင့် ပျက်စီးမှုရှိတယ်တဲ့” ဟု ရပ်ကွက်နေ ဝန်ထမ်းတစ်ဦးက ယမန်နေ့က ပြောသည်။
အဆိုပါ ကျရောက်ပေါက်ကွဲခဲ့သော လက်နက်ကြီးမှာ မည်သည့်နေရာမှ ပစ်ခတ်သော လက်နက်ကြီးဖြစ်ကြောင်းကို တိတိကျကျ မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ပြောသည်။
ပြီးခဲ့သည့် ဧပြီလ၂၅ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်အတွင်း ည၁၂ နာရီဝန်းကျင်ခန့်က လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သောကြောင့် လူနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။
သတင်း-ဖရိန်း




Comments