top of page

မြစ်ကြီးနား-မန္တလေးကားလမ်း ပိတ်ထားသောကြောင့် ကားအသေးများသာ တောလမ်းဖြင့် ပြေးဆွဲနေ

  • Writer: Pajau Media
    Pajau Media
  • Sep 4, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၄၊ ၉၊၂၀၂၄။



မြစ်ကြီးနား-မန္တလေးသွား ပြည်ထောင်စုကားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားခဲ့သောကြောင့် ကားအသေးများမှာ တောလမ်း(ရှောင်ကွင်းလမ်း)ဖြင့် အတက်အဆင်း ပြေးဆွဲနေကြောင်း ကားသမားများထံမှ သိရသည်။


“မော်တော်ကားကြီးတွေက မသွားသေးဘူး။ ကားအသေးတွေပဲ ရှိတယ်။ လမ်းခရီးက ရှောင်ကွင်းလမ်းကနေ သွားရတယ်။ အရင်က မြစ်ကြီးနား-မန္တလေးလမ်းမှာ တစ်ညအိပ်ခရီးပဲသွားရတယ်။ အခုက အခြေအနေအရပေါ့ မပြောတတ်ဘူး။ အဓိကလမ်းက ပိတ်ထားတယ်ဆိုတော့ ဖြစ်သလိုပဲ ရှောင်လမ်းကနေ သွားလာနေရတယ်။” ဟု ကားသမားတစ်ဦးထံမှ သိရသည်။


ကားလမ်းဖွင့်ချိန် မြစ်ကြီးနား-မန္တလေးလမ်းခရီးအတွင်း တစ်ညအိပ်ခရီးစဉ်ကို ခရီးသည်တစ်ဦးလျှင် ငါးသောင်းကျပ်နှုန်းဖြင့် သွားလာခဲ့ကြပေမယ့်၊ ယခုလိုတောလမ်းဖြင့်သွားရာမှာတော့ ခရီးသည်တစ်ဦးလျှင် အဆင်းအတွက် တစ်သိန်းငါးသောင်းကျပ်နှင့် အတက်အတွက် နှစ်သိန်းကျပ်မှ နှစ်သိန်းခွဲကျပ်ဖြင့် ပြေးဆွဲနေကြောင်းသိရသည်။


ထို့ကြောင့် မြစ်ကြီးနားမြို့မှ မြစ်ဖျားဧရာ ကားကြီးဝင်းတွင် ကားအသေးမရှိသည့် ကားဂိတ်အများစုမှာ ပိတ်ပင်ထားခဲ့ပြီးဖြစ်သည်။


ကားလမ်းပိတ်ပြီးနောက် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ခြင်းများ အားလုံးရပ်တန့်သွားခဲ့သောကြောင့် မြစ်ကြီးနားဒေသအတွင်း အချို့ကုန်ပစ္စည်းများ ပြတ်တောက်သွားသည့်အပြင် ဈေးနှုန်းပါ မြင့်တက်သွားခဲ့သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page