top of page

မြစ်ကြီးနား-မန္တလေးသွား ကားလမ်းပိုင်းတွင် လူငယ်များကို နှစ်ဖက်တပ်ဖွဲ့များမှ အပြိုင်အဆိုင် စုဆောင်း‌ရေးဆွဲ‌နေ

  • Writer: Pajau Media
    Pajau Media
  • Feb 25, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၅ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။





မြစ်ကြီးနား-မန္တလေးသွားရာ ကားလမ်းပိုင်းတွင် စစ်ကောင်စီနှင့် KIAတို့က လူငယ်များအား စုဆောင်းရေးခေါ်ဆောင်မှု ပိုမိုလုပ်ဆောင်နေကြောင်း သိရသည်။


အဆိုပါ ကားလမ်းမှသွားသောလူငယ်များအား စုဆောင်းရေးဆွဲနေသည်မှာ ပြီးခဲ့သည့် ဇန္နဝါရီ ပထမပတ်ကတည်းက ဖြစ်ပြီး၊ ယခုရက်ပိုင်းမှာတော့ ယခင်ကထက် ပိုမိုစုဆောင်း ဖမ်းဆီးလာသည်ဟု ဆိုသည်။


"မြစ်ကြီးနားကနေ မန္တလေးကို စာမေးပွဲဖြေဖို့သွားတာ၊ လေယာဉ်ခကလဲ ဈေးကြီး‌တော့ ကားလမ်းကနေ သွားလိုက်တဲ့အချိန်မှာ အဆွဲခံရတာ။ ကားသမား‌တွေဆီကို စုံစမ်းကြည့်‌တော့လဲ သေသေချာချာမသိရဘူး၊ သူတို့ကိုလဲ ဒူး‌ထောက်လက်မြောက် ခေါင်းငုံ့ခိုင်းထားတယ်တဲ့” ဟု စုဆောင်းခံရသူလူငယ်တစ်ဦး၏ မိခင်ကပြောသည်။


စုဆောင်းရေးဆွဲခံရချိန်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းမရရှိသောကြောင့် ဖမ်းဆီးခံရသူများအား မည်သည့်နေရာသို့ခေါ်ဆောင်သွားမှန်းမသိရကြောင်း ပြောသည်။


ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက မြစ်ကြီးနား-မန္တလေး လမ်းပိုင်းပေါ်တွင် စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုများ ရှိနေပြီး အချိန်မရွေးလမ်းပိတ်တာတွေ ရှိနေကြောင်း သိရသည်။


မိုးညှင်းမြို့နယ်မှ ကျေးရွာများဖြစ်သည့် ဟိုပင် ၊ဘီလူးမြို့ ၊သဲကြီးကုန်း‌ရွာ ၊ပင်းဟဲရွာ၊ပင့်သာရွာတွေမှာ ဇန်နဝါရီလကတည်းကစပြီး ရှမ်းနီပြည်သူ့စစ်ကလူငယ်တွေကို အစုလိုက်အပြုံလိုက်စုဆောင်းရေးဆွဲနေပြီး KIA ဖက်ကလဲ စစ်ကိုင်းတိုင်းအစပ်က


နန့်စီးအောင်ရွာအပါအဝင် မိုးကောင်းမြို့နယ်အတွင်းက ပင်းကြိုင်းရွာ ၊ ဆား မှော်ရွာ ၊မိုင်းနောင်၊ လွဲမွန်ရွာ တွေဖက်မှာ အစုလိုက်အပြုံလိုက် အပြိုင်အဆိုင် စုဆောင်း ရေးဆွဲနေကြသည်ဟု ဒေသခံများက ပြောသည်။

ယခုကာလတွင် စုဆောင်းရေးဆွဲခံရသူများမှာ လူငယ်အမျိုးသားများသာမက အမျိုးသမီးများပါ ပါဝင်လာပြီး သက်လတ်ပိုင်းအရွယ်အမျိုးသားများလဲ ပါဝင်လာကြောင်း ထပ်မံသိရှိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page