မြစ်ကြီးနား-ရွှေဘိုကားလမ်း အသုံးမပြုရန် စကမ ညွှန်ကြားထား
- Pajau Media

- May 22
- 1 min read
ပါဂျောင်မီဒီယာ
၂၂ရက၊မေလ၊၂၀၂၆။

စစ်ကောင်စီက မြစ်ကြီးနား - ရွှေဘိုဗျူဟာကားလမ်းပိုင်းကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြရန် မြစ်ကြီးနားကားဂိတ်တွင် ညွှန်ကြားထားကြောင်း ကားသမားများထံမှ သိရသည်။
စစ်ကောင်စီက မြစ်ကြီးနား - ရွှေဘိုဗျူဟာကားလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်ရေးဖော်ဆောင်ရန်ရှိသည့်အတွက် ထိုးလမ်းပိုင်းကို အသုံးမပြုကြရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် စစ်တပ်က ထိုသို့ ညွှန်ကြားထားခြင်းမရှိသေးခင်ကတည်းက ကားသမားများသည် မြစ်ကြီးနား - ရွှေဘိုဗျူဟာကားလမ်းပိုင်းကို အသုံးမပြုဘဲ ကွင်းလမ်းကနေသာ ခက်ခက်ခဲခဲ သွားလာနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အင်းတော်ဒေသစစ်ရေးအခြေနေကြောင့် အင်းတော်ကွင်းလမ်းပိတ်နေပြီး အဆင်းကားများမှာ နန့်စီးအောင်တွင် ပိတ်မိနေကြသလို အတက်ကားများမှာ ညောင်ပင်သာရွာတွင် ပိတ်မိနေကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments