top of page

မြစ်ကြီးနားလေဆိပ်ကို မတ်လ၉ရက်နေ့တွင် စတင်ပြေးဆွဲမည်

  • Writer: Pajau Media
    Pajau Media
  • Mar 5
  • 1 min read

ပါဂျောင်မီဒီယာ

၅ရက်၊မတ်လ၊၂၀၂၆။


အသေခံဒရုန်း ပစ်ခတ်ခံရမှုကြောင့် ပိတ်ထားတာကြာပြီဖြစ်သည့် မြစ်ကြီးနားလေဆိပ်ကို မတ်လ ၉ ရက်နေ့မှစ၍ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း လေယာဥ်လက်မှတ် အရောင်းဝန်ထမ်းများထံမှ သိရသည်။


အသေခံဒရုန်း တိုက်ခိုက်ခံရမှုကြောင့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကတည်းက ပိတ်ထားသည့် မြစ်ကြီးနားလေဆိပ်ကို လာမည့် မတ်လ ၉ရက်နေ့တွင် MAI လေကြောင်းလိုင်းက စတင်ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး၊ MNA လေကြောင်းလိုင်းကိုတော့ မတ်လ ၁၁ရက်နေ့တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။


လေယာဥ်ပေါက်ကွဲမှုဖြစ်ပွားစဉ် မြစ်ကြီးနားလေဆိပ်ကို ၃လခန့် ရပ်နားထားမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း၊ ၁၇ရက်အကြာ မတ်လ ၉ရက်နေ့တွင် ပြန်လည်ပြေးဆွဲမည် ဖြစ်သည်။


မြစ်ကြီးနားလေဆိပ်ပိတ်ထားရမှုကြောင့် မဖြစ်မနေခရီးထွက်ရသည့်သူများသည် ကားလမ်းဖြင့်သာ သွားလာနေရသောကြောင့် လမ်းတွင် ပေါ်တာဆွဲဖမ်းဆီးခံရမှုများ မကြာခဏ ကြုံတွေ့နေရသဖြင့် လေဆိပ် အမြန်ဖွင့်စေလိုကြောင်း ပြည်သူများက ဆိုကြသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page