top of page

မြစ်ကြီးနားလေဆိပ် ပိတ်ထားဆဲ၊ ခရီးသည်တင်ယာဉ်များ အမြန်ဆုံးပြေးဆွဲနိုင်ရန် ဒေသခံများလိုလား

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ရက်၊မတ်လ၊၂၀၂၆


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့လေဆိပ် ပိတ်ပင်ထားဆဲဖြစ်သောကြောင့် အရေးပေါ် ခရီးသွားလာရန်လိုအပ်သည့် ပြည်သူများအတွက် အခက်ခဲဖြစ်နေပြီး ခရီးသည်လေယာဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန် အမြန်ဆုံးပြန်လည်ပြင်ဆင်ပေစေလိုကြောင်း မြစ်ကြီးနား ဒေသခံများက ပြောသည်။


လက်ရှိ မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်များပြေးဆွဲခြင်းမရှိသော်လည်း စစ်တပ်လေယာဉ်များ ပုံမှန်သွားလာမှုရှိနေကြောင်း သိရသည်။


“လေယာဉ်ကွင်းက ခုချိန်ထိပိတ်ထားပေမဲ့ စစ်တပ်ရဲ့လေယာဉ်တွေက သူတို့လိုအပ်ရင် လိုအပ်သလို သွားလာနေကြတယ်။ အဲ့တာကြောင့် ဒီခရီးသည်တင် လေယာဉ်တွေကိုလည်း သွားလာလို့ရအောင် အမြန်ဆုံး ပြင်ဆင်ပေးရင် ကောင်းတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။


မြစ်ကြီးနားလေဆိပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ(၂၀)ရက်နေ့ညက FPV အသေခံဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် လေဆိပ်ကို ယာယီရပ်နား ပိတ်ပင်ထားခြင်း ဖြစ်သည်။


ထို့ကြောင့် စစ်ကောင်စီက မြစ်ကြီးနားလေဆိပ်ကို အများပြည်သူ ခရီးသွားလာရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးတို့အတွက် ပုံမှန်အတိုင်း လေယာဉ်ပျံသန်းပြေးဆွဲနိုင်ရန် အမြန်ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page