top of page

မြစ်ကြီးနားလေဆိပ် အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရဟု စကစ ထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • 10 hours ago
  • 1 min read

ပါဂျောင်မီဒီယာ

၁၃ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။



မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ်ကို ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းအချိန်တွင် FPV အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။


"ခါတိုင်းက ညက ၇ နာရီ ၈ နာရီလောက်ထိ လေယာဥ်သံတွေကြားရပေမဲ့ မနေ့ညနေပိုင်းတော့ လေယာဥ်ပြေးသံတွေမကြားမိဘူး" ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။


KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့များက မြစ်ကြီးနားလေဆိပ်နှင့် အနီးဝန်းကျင်ရှိ နေရာများသို့ FPV အသေခံဒရုန်းများ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားပြီး၊ ယင်းတိုက်ခိုက်မှုကို လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိကာ ဒရုန်းများကိုလည်း လက်ဦးမှုရယူဟန့်တားနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။


ထုတ်ပြန်ချက်ထဲတွင် ဒရုန်းအရေအတွက် မဖော်ပြထားဘဲ၊ ဒရုန်းပျက်ကျသည့် နေရာနှစ်ခုကိုသာ ဖော်ပြထားသလို၊ တိုက်ခိုက်မှုဆောင်ရွက်ခဲ့ကြသူများကို စုံစမ်းဖော်ထုတ်နေကြောင်း ထုတ်ပြန်ထားသည်။


ထို့နည်းတူ ဖေ့ဘုတ်စာမျက်နှာများတွင်လည်း ယမန်နေ့ ညနေပိုင်း လေယာဉ်ခရီးစဉ်အားလုံးကို ရပ်နားခဲ့ရကြောင်း ရေးသားနေကြပြီး၊ ပြန်လည်ပြေးဆွဲမည့် လေယာဉ်ခရီးစဉ်များ အတည်ပြုပြီးမှသာ ပြန်လည်အကြောင်းကြားပေးမည်ဖြစ်ကြောင်း ပြောဆိုထားသည်ဟု အချို့ဒေသခံများက ပြောဆိုထားသည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့တွင်လည်း KIA ပူးပေါင်းတပ်ဖွဲ့က နန့်ပေါင်လေတပ်စခန်းမှ ရေဒါစခန်းတစ်ခုကို ဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။


တစ်ဖက်တွင်လည်း ဝိုင်းမော်တိုက်ပွဲတွင် စစ်ကောင်စီက မြစ်ကြီးနားအခြေစိုက် မပခ နေရာမှ နေ့ည လက်နက်ကြီးများ ပစ်ကူနေ​ကြောင်း သိရသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page