top of page

မြစ်ကြီးနား-လမုန်ဇွပ် စစ်ဆေးရေးဂိတ် စစ်ဆေးရေးတင်းကြပ်နေဆဲ

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ရက်၊မတ်လ၊၂၀၂၆။


မြစ်ကြီးနားမြို့အထက် လမုန်ဇွပ် စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် လမ်းသွားလမ်းလာ ပြည်သူများအား တားဆီးစစ်ဆေး မေးမြန်းခြင်း၊ ခရီးသွားကားများ၊ ကုန်တင်ကားနှင့် ဆိုင်ကယ်များအား တင်းတင်းကြပ်ကြပ် စစ်ဆေးခြင်းများ အချိန်ကြာမြင့်စွာ လုပ်ဆောင်သောကြောင့် ပြည်သူများ စိတ်လုံခြုံရေးမရှိ စိုးရိမ်နေရကြောင်း သိရသည်။


လမုန်ဇွပ်စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်ဒိုးပေါက်အပြင် ကားများကို အဓိကထား စစ်ဆေးကာ အခြားအိတ်ဆောင်များထိ စစ်ဆေးခြင်း၊ မှတ်ပုံတင်စစ်ဆေးခြင်း၊ သယ်ဆောင်လာသည့် ပစ္စည်းများစစ်ဆေးခြင်းနှင့် ငွေကြေးတောင်းခံခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။


အလားတူ ပလနကျောင်းရှေ့တွင်လည်း နေ့စဉ် စစ်သားများ နေရာယူဂိတ်ချထားပြီး၊ နံနက်၈နာရီမှ ၁၁နာရီထိ ပုံမှန် စစ်ဆေးလေ့ရှိကြောင်းနှင့် လက်ကိုင်ဖုန်းများကိုလည်း ပစ်မှတ်ထား စစ်ဆေးနေကြောင်း ထပ်မံသိရသည်။ ထို့အပြင် ယိန်းခေါလမ်းဆုံနှင့် ဆယ်မိုင်ကျေးရွာ စသည့်နေရာများတွင်လည်း မကြာခန စောင့်ကြပ်ခြင်း လုပ်ဆောင်နေသည်။


လက်ရှိတွင် ကား၊ဆိုင်ကယ်များ စစ်ဆေးခံနေရသည့်အပြင် လူငယ်များနှင့် အရွယ်ကောင်းအမျိုးသားများကို စစ်ဆေးရေး ပိုမိုတင်းကြပ်နေကြပြီး၊ ရံဖန်ရံခါ အမျိုးသမီးများပါ စစ်ဆေးမေးမြန်းခြင်းများ ခံနေရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page