top of page

မြစ်ကြီးနား-ဝိုင်းမော်မြစ်ကူးတံတားအသစ်ဆောက်လုပ်ရန်စီမံကိန်းအတွက် သဲကျောက်တူးဖော်မှုအကြောင်းပြကာရွှေတူးဖော်လျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • May 8, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၈ရက်၊မေလ၊၂၀၂၅။




ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားကပ်ရပ်တွင် တံတားအသစ်တစ်စင်း ပြန်လည်ဆောက်လုပ်ရန် စီမံကိန်းအတွက် ဧရာဝတီမြစ်ကူးတံတား ဗလမင်းထင်အနီးရှိ ရေလည်ကျွန်းတွင် သဲကျောက်တူးဖော်‌ရာမှ ‌ရွှေတူးဖော်မှုပါ လုပ်ဆောင်လာကြောင်း မြစ်ကြီးနား‌ဒေသခံများ ပြောပြချက်အရ သိရသည်


“တံတားလုပ်ဖို့ဆိုပြီး သဲကျောက်အရင်တူးဖော်နေကြတာ တဖြည်းဖြည်းရွှေတွေပါ တူးဖော်လာကြတာ ခုဆိုအဲ့ရေလယ်ကျွန်းမှာ ရွှေတူးတဲ့သူတွေက ပိုများနေတယ်” ဟု မြစ်ကြီးနား‌ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။


တံတားအသစ်တည်ဆောက်မည့် စီမံကိန်းအတွက် ရေလည်ကျွန်းတွင်သဲကျောက်တူးဖော်ရာမှ တဖြည်းဖြည်းရွှေတူးဖော်သည့်အခြေအနေထိ ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး၊ လက်ရှိမှာတော့ သဲကျောက်တူးဖော်ခြင်းအပြင် ရွေတူးဖော်သူများသာ ပိုမိုများပြားလာကြောင်း သိရသည်။


“အခုအဲ့နေရာမှာ သဲကျောက်တူးတယ်ဆိုပြီး ရွှေလုပ်နေတဲ့က ကုမ္ပဏီကများတယ်။ ဘတ်ဟိုးတွေနဲ့ကိုတူးနေတာ ၁၀စီးမကဘူး။ပြီးတော့ စစ်ရှောင်တွေ တစ်နိုင်တစ်ပိုင်တူးနေကြတာလဲရှိတယ်။နိုင်ငံ‌ရေးစစ်‌ရေးတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေ အလုပ်မရှိကြတော့ ရှိတဲ့အလုပ်ဘဲ လုပ်ရတာပေါ့။ ပြီးတော့ အဲ့ဒီသဲကျောက်တွေကိုက စက်မှုဇုန်ဘက်နဲ့ မန်ခိန်မြေလွတ်တဲ့နေရာတွေမှာ ထားပြီး လိုအပ်တဲ့သူတွေကို ကားတစ်စီးဘယ်လောက်ဆိုပြီး ပြန်ရောင်းနေကြတယ်” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။


အဆိုပါ ရေလည်ကျွန်းပေါ်တွင် စက်ယန္တရားကြီးများအသုံးပြုကာ သဲကျောက်တူးဖော်နေကြသလို၊ စက်ယန္ယရားကြီးများဖြင့် ရွှေတူးဖော်နေကြသည့်အပြင် နိုင်ငံရေးအခြေအနေကြောင့် တစ်ပိုင်တစ်နိုင် လက်ကျင်းတူးဖော်လုပ်ကိုင်ကြသော ပြည်သူများလည်း အများအပြားရှိနေကြောင်း သိရသည်။


တူးဖော်ထားသော သဲကျောက်များကို စက်မှုဇုန်ဘက်ရှိ လယ်ကွင်းနေရာနှင့် မန်ခိန်ရပ်ကွက်ရှိ မြေလွှတ်နေရာများတွင် စုပုံထားပြီး၊ သဲကျောက်လိုအပ်သူများကို ပြန်လည်ရောင်းချခြင်းများ လုပ်ဆောင်နေကြောင်း ထပ်မံသိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page