top of page

မြစ်ဆုံစီမံကိန်းနှင့် စပ်လျဉ်းသည့် လူထုတွေ့ဆုံဆွေးနွေးပွဲ မြစ်ကြီးနားမြို့တွင် ထပ်မံပြုလုပ်

  • Writer: Pajau Media
    Pajau Media
  • Apr 4
  • 1 min read

ပါဂျောင်မီဒီယာ

၄ရက်၊ဧပြီ၊၂၀၂၆။


မြစ်ကြီးနားမြို့ရှိ ရွှေညောင်ပင်ရပ်ကွက်၊ တရုတ်ယဉ်ကျေးမှုစာသင်ကျောင်းတွင် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းနှင့် သက်ဆိုင်သည့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ တွေ့ဆုံရှင်းလင်း ဆွေးနွေးပွဲကို ဧပြီလ ၃ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် သက်ဆိုင်သည့် တာဝန်ရှိသူများ အပါအဝင် ဒေသခံကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။


တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်ဦးခက်ထိန်နန်မှ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား အာမခံနိုင်ကြောင်း၊ လျှပ်စစ်စွမ်းအင်လိုအပ်ချက်များ‌ နေ့စဉ်လိုအပ်လာသည့်အပြင် ယခုကဲ့သို့ ဆောင်ရွက်ရန် ပြောဆိုဆွေးနွေးနေခြင်းမှာ ကမ္ဘာတွေ အများကြီး နောက်ကျနေပြီဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။


အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်မှ ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းအား အပြီးဖျက်သိမ်းရန် ကချင်ပြည်နယ် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကွန်ရက်က ဧပြီ ၁ရက်နေ့တွင် ထုတ်ပြန် တောင်းဆိုလိုက်သည်။


မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ပြည်သူလူထု၏ သဘောထားဆန္ဒများကို အပြည့်အဝ လေးစားလိုက်နာရန်၊ စီမံကိန်းအပေါ် ကန့်ကွက်သည့် ပြည်သူများအပေါ် အရေးယူမည်ဟု ခြိမ်းခြောက်နေမှုများကို ချက်ချင်း ရပ်တန့်ရန်လည်း အဆိုပါ ကွန်ရက်က တောင်းဆိုထားသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page