top of page

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ရန် ပူတာအိုဒေသအထိ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေ

  • Writer: Pajau Media
    Pajau Media
  • May 20
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊မေ၊၂၀၂၆။


ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ မဲဆွယ်စည်းရုံးခြင်း အစည်းအဝေးပွဲကို ကချင်ပြည်နယ်ဒေသခံကော်မတီ အဖွဲ့ဝင်များက မြစ်ကြီးနားမြို့အပြင် ပူတာအိုဒေသအထိ စည်းရုံးကျင်းပလျက်ရှိကြောင်း ကချင်ပြည်နယ်အစိုးရရုံးမှ သိရသည်။


မေလ ၁၈ရက်နေ့တွင် ပူတာအိုမြို့မှ ဒေသခံရဝမ်၊ လီဆူတိုင်းရင်းသားတို့နှင့် တွေ့ဆုံခဲ့ပြီး ယမန်နေ့ ၁၉ရက် နံနက်ပိုင်းနှင့် မွှန်းလွဲပိုင်းတွင် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမတွင် ဒေသခံဂျိန်းဖော့၊ ရှမ်း တိုင်းရင်းသားတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။


အဆိုပါ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲများသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်နှင့် တိုင်းရင်းသားမျိုးနွယ်စုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နည်းပညာရှင်များက အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။


ကချင်ပြည်နယ်ဒေသခံကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးထွန်းထွန်းလှိုင်၊ ဦးနော်ထွဲ၊ ဦးမုန်ရိန်နော်၊ ဦးဂျန်ခုန့် (ခ) ဦးနော်ခုန့်တို့က ရေအားလျှပ်စစ်နှင့် ပတ်သက်သည့် သိသင့်သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


အဆိုပါ မဲဆွယ်စည်းရုံး ကျင်းပရာသို့ ဒေသခံတိုင်းရင်းသား (၅၆၀)ဦးခန့်က တက်ရောက်ခဲ့ကြပြီး၊ အချို့ဒေသခံများမှာ မည်မျှပင် နေရာရွှေ့ပြောင်း မဲဆွယ်မှုများ ကျင်းပပြုလုပ်နေသော်လည်း လုံးဝသဘောတူညီမည်မဟုတ်ကြောင်း ပြောဆိုကြသည်။


သတင်း- ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page