မြစ်ဆုံစီမံကိန်းရပ်တန့်ရန် ဒေသခံများဆန္ဒထုတ်ဖော်
- Pajau Media

- May 1
- 1 min read
ပါဂျောင်မီဒီယာ
၁ရက်၊မေ၊၂၀၂၆။
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်တို့မှ ဒေသခံပြည်သူများက မြစ်ဆုံစီမံကိန်း ပြန်လည်လုပ်ဆောင်မည်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်။
ဧပြီလ၂၉ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ရှိ ဒေသခံပြည်သူ (၈၀)ကျော်က မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဧရာဝတီမြစ်ကမ်းနားတစ်နေရာတွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
ပြည်သူများမှာ “ပြည်သူ့သဘောဆန္ဒမပါသော မြစ်ဆုံရေကာတာစီမံကိန်းကို ချက်ချင်းရပ်ဆိုင်းပါ"၊ "မြစ်ဆုံစီမံကိန်းကို လုံးဝအလိုမရှိ"၊ "ဧရာဝတီမြစ်ကြီး လွတ်လပ်စွာ စီးဆင်းပါစေ" စသည့် ကြွေးကြော်သံများအပြင် "No Myitsone Dam"၊ "Save Myitsone" နှင့် “Irrawaddy is Not For Sale" စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
သတင်း - ထုဆိုင်း










Comments