top of page

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ လူထုတွေ့ဆုံပွဲ နောင်ချိန်းကျေးရွာတွင် ပြုလုပ်

  • Writer: Pajau Media
    Pajau Media
  • May 1
  • 1 min read

ပါဂျောင်မီဒီယာ

၁ရက်၊မေ၊၂၀၂၆။


ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ လူထုတွေ့ဆုံရှင်းလင်းဆွေးနွေးပွဲကို နောင်ချိန်းကျေးရွာတွင် ပြီးခဲ့သည့် ဧပြီ ၂၈ ရက်နေ့က ထပ်မံကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှ "ယနေ့ခေတ်တွင် လျှပ်စစ်စွမ်းအားသည် ပြည်သူလူထု၏ နေ့စဉ်ဘဝနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအင်အားတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ရေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၏ နားလည်ပူးပေါင်းပါဝင်မှု အရေးကြီးကြောင်း"ပြောကြားခဲ့သည်ဟု ဆိုသည်။


ထို့ပြင် ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဦးထွန်းထွန်းလှိုင်၊ ဦးဂျန်ခုန့် (ခ) ဦးနော်ခုန့်တို့မှလည်းရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်သည့် အကြောင်းအရာတို့ကို PowerPoint များဖြင့် ရှင်းလင်းတင်ပြခဲ့ကြသည်။


အဆိုပါ ဆွေးနွေးပွဲသည် ၁၅ ကြိမ်မြောက် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသခံကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ အပါအဝင် လူဦးရေ ၁,၅၀၀ ခန့် တက်ရောက်ခဲ့သည်ဟု စစ်တပ်ထောက်ခံသတင်းဌာနမှ ဖော်ပြထားသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page