top of page

မြစ်ဆုံအနီးရှိ တန်ဖရဲကျေးရွာတစ်ဝိုက်တွင် စစ်ကောင်စီနှင့်KIAတပ်ဖွဲ့တို့ မကြာခနထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိနေ

  • Writer: Pajau Media
    Pajau Media
  • Apr 28, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၈ရက်၊ဧပြီ၊၂၀၂၅။



ကချင်ပြည်နယ်၊မြစ်ကြီးနားအထက်ပိုင်း တန်ဖရဲကျေးရွာအနီးတွင် ယခုမနက်ခင်း ၉နာရီဝန်းကျင်ခန့်က စစ်ကောင်စီနှင့်KIAတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါသည်။


“ဒီမနက် ၉နာရီလောက် ဂွေထော်မှာ တိုက်ပွဲဖြစ်တယ်လို့ ကြားတယ်၊ အရမ်းတော့ မကြာလိုက်ဘူးတဲ့ ကားလမ်းတွင်လည်း ပြန်ဖွင့် ပြီ” ဟု မြစ်ကြီနားဒေသခံတစ်ဦးပြောပြချက်အရသိရသည်။


စစ်ကောင်စီတပ်က ဧပြီ ၂၅ရက်နေ့လောက် ကတည်းက အင်းအား ၂၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး လှုပ်ရှားလာသောကြောင့် KIA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။


“ စစ်တပ်က အင်းအား၂၀ ဝန်းကျင်လောက် ရှိမယ် စစ်ကြောင်းထိုးလာတယ်လို့ ထင်တယ်၊ စစ်ကောင်စီဂိတ် နဲ့ KIAဂိတ်ကလည်း သိပ်မဝေးဘူးလေ၊ တစ်မိုင်လောက်တောင် မရှိဘူးထင်တယ်။” ဟု ခရီးသွားတစ်ဦီးပြောပြချက်အရသိရသည်။


ယမန်နေ့ ၂၇ရက် နံနက်ပိုင်းတွင်လည်း စစ်ကောင်စီနှင့် KIA တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် မြစ်ကြီးနား - ပူတာအိုသွားကားလမ်း ခတ္တပိတ်ထားခဲ့ကြောင်းသိရသည်။


“ ကျွန်တော်တို့ကလည်းပူတာအိုကနေ မနေ့က ဆင်းလာတာ၊ ဆင်းလာတဲ့ ကားကိုပဲဖြတ်ခိုင်းတာ၊ အတက်ကားကိုတော့ မဖြတ်ခိုင်းဘူး၊ အဲ့ဒါကြောင့် တစ်ချို့ကားတွေတော့ မြစ်ကြီးနားဘက်ကို ပြန်သွားတယ်၊ ဒီနေ့တော့ ပြန်ဖွင့် ပြီးလား မသိသေးဘူး” ဟု ပူတာအိုမှ ပြန်လာသော ခရီးသွားတစ်ဦးကပြောပြသည်။


တန်ဖရဲဂိတ်တွင် တိုက်ပွဲကြောင့်ကားလမ်း ခတ္တပိတ်ထားသော်လည်း ယနေ့ နေ့လည်ပိုင်းတွင် ပုံမှန် ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်းသိရသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page