top of page

မံစီနှင့်မန်ဝိန်းမြို့ရှိ ကြံစိုက်ခင်းများ ယခုအချိန်ထိ မခုတ်ရောင်းနိုင်သေးသဖြင့်ကြံပြန်လည်စိုက်ပျိုးချိန်ကျော်လွန်လာ

  • Writer: Pajau Media
    Pajau Media
  • Mar 17, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၇ရက်၊ မတ်လ၊ ၂၀၂၅။





ကချင်ပြည်နယ် မံစီမြို့၊ မန်ဝိန်းမြို့တို့မှာ ကြံစိုက်ပျိုးခြင်းကို အဓိကဝင်ငွေအဖြစ် စိုက်ပျိုးခဲ့ရာ ယခုနှစ်တွင် ကြံပြန်လည် စိုက်ပျိုးချိန်ရောက်သော်လည်း စိုက်ထားတဲ့ကြံတွေ မခုတ်ရောင်းနိုင်သေးလို့ အခက်တွေ့နေရတယ်လို့ ကြံစိုက်သူတွေ ကပြောပါတယ်။


ယခင်နှစ်ဒီလိုအချိန်မှာ ကြံတွေအားလုံးခုတ်ရောင်းပြီးသော်လည်း ယခုနှစ်တွင်မှု ကြံစိုက်ချိန်ရောက်နေသော်လည်း ကြံများ ခုတ်ရောင်းနိုင်ခြင်း မရှိသေးသောကြောင့် အခက်တွေ့နေရတယ်လို့ဆိုပါတယ်။


“ဒီနှစ်က အရင်နှစ်တွေကလို အကုန်ခုတ်ပြီး တရုတ်ပြည်ကို ရောင်းစားလို့ မရတဲ့ အခြေအနေဟုတ်တယ်၊ ကြံခြံတစ်ခြံ မှာ ကားတစ်စီးသာ သယ်လို့ရတယ်၊ အဲ့တာတောင် စိုက်ခင်းပိုင်ရှင်တွေက မဲနိုက်ပြီး ကိုယ့်အလည့်ရောက်မဲ့ရက်မှ ခုတ်ရောင်းရတာ၊ အဲ့တာကြောင့် ကြံခုတ်ဖို့ခက်နေတာ” လို့ကြံစိုက်သူတစ်ဦးကပြောပါတယ်။

တရုတ်နယ်စပ်တစ်လျှောက်က ကြံစိုက်တောင်သူတွေဟာ ယခင်နှစ်နှင့်ယခုနှစ်တွေမှာ ကြံတင်ပို့ရောင်းချဖို့ ခက်ခဲနေတဲ့အပြင် တရုတ်ပြည်ဘက်က ကြံကို အကန့်အသန့်ဖြင့်သာဝယ်ယူနေလို့ ပိုမိုခက်ခဲနေတယ်လို့သိရပါတယ်။


ဒါ့အပြင် နယ်စပ်တစ်လျှောက် ကြံစိုက်တောင်သူတွေဟာ ကြံစိုက်ဖို့ရန် မြေဩဇာကို တရှတ်ပြည်ကချေးယူပြီး ကြံခုတ်ရောင်းချိန်မှာပြန်လည်ပေးဆပ်ခြင်းဖြစ်သော်လည်း ယခုနှစ်တွင်မှု ကြံများခုတ်ရောင်းနိုင်ခြင်းမရှိသေးသောကြောင့် ချေးယူထားသောအကြွေးများပင် ပြန်မဆပ်နိုင်ကာ အခက်အခဲကြုံနေရပါတယ်။


မံဝိန်းဒေသက ပြည်သူတွေဟာ ကြံစိုက်ပျိုးခြင်းကို စီးပွားအဖြစ် စိုက်ပျိုးနေသည်မှာ နှစ်ရှည်ကြာမြင့်လာသော်လည်း ကြံရောင်းအားမှာ တစ်နှစ်ထက်တစ်နှစ် လျှော့နည်းလာသောကြောင့် ကြံဆက်လုပ်မည်၊မလုပ်မည်ကို စဉ်းစားတွေဝေနေကြပြီး တစ်ချို့ကြံစိုက်သူတွေဟာ ကြံအစား လယ်ယာစပါး ကိုအစားထိုးစိုက်ပျိုးလာ သူတွေလည်းရှိနေကြောင်း သိရပါတယ်။


သတင်း - ဇော်မိုင်


Comments


Pajau Media

Thanks for subscribing!

bottom of page