top of page

မံစီမြို့နယ်တွင် မြေမြုပ်မှိုင်းနင်းမိ၍ အမျိုးသားတစ်ဦးအသက်သေဆုံးခဲ့ရပြီးကျန်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိ

  • Writer: Pajau Media
    Pajau Media
  • Feb 17, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၇ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။



ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ဂိုင်ဒေါ(Gai Daw)စစ်ရှောင်စခန်းမှ အသက်(၃၃)နှစ်အရွယ် အမျိုးသားတစ်ဦး မြေမြုပ်မှိုင်းနင်းမိကာ အသက်သေဆုံးခဲ့ရပြီး၊ ကျန်တစ်ဦးမှာ နောက်ကျောပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


“ဗုံးပေါက်သံကြားလို့ လိုက်ရှာကြတာ ညနေ၂နာရီကျော်မှာ။ လမ်းဘေးမှာ လူနာနဲ့အလောင်းကိုတွေ့တာ။ ဒဏ်ရာရတဲ့သူက အရှေ့ကသွားနေတာဆိုတော့ နောက်ကျောမှာ ဒဏ်ရာရထားတာ ပြင်းထန်တယ်။


ဆုံးသွားတဲ့သူက ဘယ်ဘက်ပေါင်တစ်ဖက် မရှိတော့ဘူး။ ကျန်တစ်ဖက်ကလည်း ရစရာကိုမရှိဘူး။ ဘယ်ခြေထောက်နဲ့ နှင်းမိတယ်ထင်တယ်” ဟု သွားရောက်ရှာဖွေခဲ့သော မိတ်ဆွေများထံမှ သိရသည်။


သေဆုံးခဲ့သူ အမျိုးသားမှာ ဂိုင်ဒေါစစ်ရှောင်စခန်းမှ အသက်(၃၃)နှစ်အရွယ် ဦးအရှိန်ဆိုသူ လီဆူလူမျိုး၊ ကလေးတစ်ဦးဖခင် ဖြစ်ပြီး ပြင်းထန်ဒဏ်ရာရရှိသူမှာ ဦးခေါင်လွမ်းဆိုသူဖြစ်ကာ လက်ရှိတွင် ဆေးရုံသို့ ပိုဆောင်ကုသထားသည်ဟု ဆိုသည်။


ဖေဖော်ဝါရီ ၁၅ရက်နေ့တွင် စစ်ရှောင်စခန်းမှ နေရပ်ရင်းဖြစ်သည့် မဂျီဂုန်(Maji Gung)ကျေးရွာသို့ သစ်ခေါက်ခွာရောင်းရန် သွားရောက်‌နေစဉ် စစ်တပ်စခန်းဟောင်းအနီးနေရာတွင် မြေမြုပ်မှိုင်းနင်းမိ၍ ပေါက်ကွဲသေဆုံးခဲ့ခြင်း ဖြစ်သည်။


အဆိုပါနေရာမှာ ပြီးခဲ့သည့်၂၀၂၄ခုနှစ် မတ်လ ၃ရက်နေ့တွင် KIAပူးပေါင်းတပ်ဖွဲ့မှ အပြီးသတ်သိမ်းပိုက်ထားသည့် မဂျီဂုန် ဗျူဟာကုန်းနေရာဖြစ်ပြီး၊ မြေမြုပ်မှိုင်းမှာ စစ်တပ်မှ ထောင်ထားသော မြေမြုပ်မှိုင်းအကျန်များ ဖြစ်နိုင်ကြောင်းနှင့် နောက်ထပ်မပေါက်ကွဲရသေးသည့် မြေမြုပ်မှိုင်းများစွာ ကျန်ရှိနေနိုင်သေးကြောင်း သိရသည်။


ဖုန်းလိုင်းအခက်အခဲကြောင့် သေဆုံးသူ မိသားစုဝင်များကို ဖေဖော်ဝါရီ၁၆ရက်နေ့မှ သွားရောက်အကြောင်းကာ ဦးအရှိန်၏ ရုပ်အလောင်းကိုလည်း မဂျီဂုန်ကျေးရွာတွင် ယမန်နေ့က မြုပ်နှံသင်္ဂြုလ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


သတင်း - ဇော်မိုင်


Comments


Pajau Media

Thanks for subscribing!

bottom of page