top of page

မိုးညှင်းတွင် ပိုင်ရှင်မဲ့အလောင်း တွေ့ရှိ

  • Writer: Pajau Media
    Pajau Media
  • Jul 31, 2025
  • 1 min read

ပါဂျောင်မီီဒယာ

၃၁ရက်၊ဇူလိုင်၊၂၀၂၅။


ကချင်ပြည်နယ်မိုးညှင်းမြို့၊ မြို့နယ်ပန်းခြံဝင်းအတွင်း သေဆုံးနေသည့် အမည်မသိ ပိုင်ရှင်မဲ့ ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်း မေတ္တာလေညှင်းနာရေးကူညီမှုအသင်းမှ သိရသည်။


"အလောင်းရဲ့ပုံစံကို ကြည့်ရတာ သက်ကြီးနာမကျန်းပုံစံဘဲ၊ မှတ်ပုံတင်လဲမပါဘူး၊ မိုးညှင်းကလဲ မဟုတ်ဘူးဆိုတာ့ တခြားဒေသက ရောက်လာတဲ့သူဖြစ်ဖို့များတယ်၊ ဓါတ်ပုံမှတ်တမ်းတွေတော့ ယူထားတယ်၊ ပိုင်ရှင်မဲ့ဆိုတော့ နောက်ပိုင်း ပိုင်ရှင်လာရှာရင်လဲ မှတ်တမ်းမှတ်ရာလေးတွေ ပြပေးလို့ရတာပေါ့၊"ဟု မေတ္တာလေညှင်းအသင်းဝင်တစ်ဦးက ပြောသည်။


ယင်းအလောင်းကို ဇူလိုင်၂၉ ရက်နေ့တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ မေတ္တာလေညင်းအသင်းမှ မိုးညှင်းဆေးရုံကြီးရင်ခွဲရုံသို့ ညနေ(၆)နာရီအချိန် ကူညီပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။


ထို့အပြင် ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်နေ့တွင်လည်း မိုးညှင်း-ထီးလင်းကျောင်းဇာတ်ရုံတွင် ပိုင်ရှင်မဲ့ရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့ပါသေးသည်။


အလားတူ ဖားကန့်-လုံးခင်းအုပ်စု၊ အောင်ရာကျေးရွာ၊ ဂန္ဓဝင်ကျေက်ကျင်းထဲတွင်လည်း ယမန်နေ့ ဇူလိုင် ၃၀ ရက်နေ့က ရေထဲမှပေါ်လာသည့် အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း လုံးခင်းသင်္ဂါရလူမှုကူညီရေးအသင်းမှ သိရသည်။


"လာသယ်ပေးဖို့ အကူညီတောင်းခံလာတာမို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ အကြောင်းကြားပြီး ခွင့်ပြုချက်ရတာနဲ့ သွားသယ်ခဲ့တာ။ သေဆုံးတဲ့သူရဲ့ မှတ်ပုံတင်မှာ မိုးကောင်းမြို့နယ် ပင့်သာရွာကလို့ပါတယ်။ မိသားစုကို အကြောင်းကြားဖို့ အဆက်အသွယ်မရှိဘူး၊ ဖြစ်‌‌နေတာမို့ သေဆုံးတဲ့သူကို သိတဲ့သူတွေရှိရင် မိသားစုကို အကြောင်းကြားပေးကြပါဦးလို့ ပြောချင်ပါတယ်၊" ဟု အသင်းဝင်တစ်ဦးက ပြောသည်။


 လက်ရှိမှာတော့ လုံးခင်းသုသာန် မီးသဂြိုလ်စက်အတွင်း ထားရှိပြီး ပုပ်ပွနေသည့် အလောင်းဖြစ်တာကြောင့် ယနေ့တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ ခွင့်ပြုချက်ဖြင့် မြေမြုတ်သဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။


ကချင်ပြည်နယ်အတွင်း အလောင်းများ မကြာခဏဆိုသလို တွေ့ရှိပြီး၊ ဖုန်းလိုင်းပြတ်တောက်နေမှုကြောင့် ပိုင်ရှင်မဲ့အလောင်းအဖြစ်သာ သဂြိုလ်ပေးနေရကြောင်းလည်း လူမှုကူညီရေးအသင်းဝင်များမှ ထပ်မံသိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page