မိုးညှင်းဒေသအတွင်း လက်တလော ထိတွေ့တိုက်ပွဲ ပြင်းထန်နေ
- Pajau Media

- Aug 20, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၀ရက်၊ ဩဂုတ်၊ ၂၀၂၅။
ယခုရက်ပိုင်းအတွင်း မိုးညှင်းမြို့မှလွှဲပြီး ကျေးရွာဒေသပိုင်း နေရာအနှံ့အပြားတွင် SNA၊ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့နှင့် KIAပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲမှာ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်၁၈ရက်နေ့တွင်လည်း မိုးညှင်းနန့်မားမြို့အနီး ရဲတပ်ဖွဲ့(၅)ဦးပါရှိသည့် ကင်းလှည့်ကားကို KPDFများ ပစ်ခတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်(၂)ဦး သေဆုံးခဲ့ပြီး၊ (၃)ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်ဖွဲ့များ ပစ်ခတ်ခံရပြီးနောက် စစ်တပ်က မိုးညှင်းဒေသကို (၄၀၉)အမြောက်တပ်နှင့် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အသက်(၆၀)အရွယ်ရှိ အမျိုးသမီးးတစ်ဦး ထပ်မံသေဆုံးခဲ့ရသည်။
လက်တလော မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်ဒေသတို့တွင် ထိတွေ့တိုက်ပွဲ ပြင်းထန်နေသောကြောင့် သွားလာရေးခက်ခဲနေသည့်အပြင် ဒေသခံများမှာ လက်နက်ကြီး၊ ဒရုန်းဗုံး၊ မြေမြုပ်မှိုင်းများကိုလည်း သတိထားသွားလာနေရကြောင်း သိရသည်။
ထို့အပြင် မိုးညှင်းမြို့နယ် မမုံကိုင်၊ မိုင်းနောင်ဒေသတို့လည်း လက်ရှိအချိန်ထိ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ကာ၊ စစ်တပ်မှလည်း ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေဆဲဖြစ်သောကြောင့် အပြီးသတ် သိမ်းပိုက်ရန်ခက်ခဲနေသေးသည့် အခြေအနေဖြစ်ကြောင်း သိရသည်။
သတင်း - ပီလမ့်အူ










Comments