top of page

မိုးညှင်းမြို့တွင် HIV ပိုးကူးစက်နှုန်းမြင့်မားလာသောကြောင့် Sex Worker များအား HIV တား ဆီးကာကွယ်ရေးအမြင်ဖွင့်သင်တန်းပေးရန် လို အပ်နေ

  • Writer: Pajau Media
    Pajau Media
  • Jan 21, 2024
  • 1 min read

ပါဂျောင်မီဒီယာ



ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင်HIV ပိုးကူးစက်နှုန်းမြင့်မားလာသောကြောင့်Sex Worker များအား HIV တားဆီးကာကွယ်ရေးအမြင်ဖွင့်သင်တန်းပေးရန်လိုအပ်နေကြောင်း HIV တားဆီးကာကွယ်ရေးတွင် တက်ကြွလှုပ်ရှားသူဆရာမတဦးမှ‌ ပြောသည်။


"မိုးညှင်းမှာဆိုရင်အရင်တုန်းက ကာရာအိုကေနဲ့စားသောက်ဆိုင်တွေမှာ ကောင်မလေး(ဆော်)ခေါ်လို့မရဘူး ၊ ၂၀၂၁နောက်ပိုင်းမှာ အမျိုးသမီးနဲ့မိန်းကလေးတွေအတွက် အလုပ်အကိုင်အခွင့် အလမ်းအရမ်းရှားလာတယ်၊ အဲ့ဒီတော့ မိန်းကလေးငယ်လေးတွေက ကေတီဗွီတွေမှာ လာပျော်ပါးကြတဲ့သူတွေ ဆော်ခေါ်ချင်တယ်ဆိုရင် ကျမတို့ကိုခေါ်ပေးပါဆိုပြီး သူတို့ဖုန်းနံပါတ်‌‌ပေးထားကြတယ်၊ တ ချို့ ကလေးမလေးတွေက ကေတီဗွီမှာ အမြဲလုပ်တာမဟုတ်တော့ Sex Worker စာရင်းထဲလဲ ထည့်လို့မရဘူး။ ဒါပေမယ့် သူတို့နဲ့ညှိလို့အဆင်ပြေတဲ့သူတွေနဲ့ လိုက်အိပ်ကြတဲ့အခါမှာ များသောအားဖြင့် အကာအကွယ်မသုံး‌ကြဘူး။ ဒီလိုနဲ့ဘဲ HIV Silent Carrier တွေတိုးလာတယ်"ဟု ယင်းဆရာမမှပြောသည်။


"မိန်းကလေးငယ်တွေက ကေတီဗွီတွေမှာ အမြဲလုပ်ကိုင်နေကြတာမဟုတ်ဘူး၊လောပန်းတယောက်နဲ့ဆုံတွေ့ပြီးငွေဆယ်ဂဏန်းလောက်ရသွားပြီဆိုရင် ကေတီဗွီကိုရောက်မလာကြတော့ဘူး ၊သူတို့ငွေလိုပြီဒါမှမဟုတ် ပျော်ပါးချင်ပြီဆိုမှ ပြန်ရောက်လာကြတယ်၊သူတို့မှာလဲ ချစ်သူရည်းစားတွေရှိကြပြန်တယ်ဆိုတော့ ရောဂါ ကူးစက်နှုန်းကတော့မတွေးရဲစရာဘဲ တော်တော်ရှုပ်တယ်"ဟု ကေတီဗွီမှာ အလုပ်လုပ်ကိုင်နေတဲ့ လူငယ်တစ်ဦးကပြောသည်။




မိုးညှင်းမြို့ရှိကေတီဗွီနှင့်စားသောက်ဆိုင်များတွင် မိန်းကလေးများတရားဝင် ခန့်ထားခြင်းမရှိကြောင်း ကေတီဗွီတွင် သီချင်းဆိုပျော်ပါးသည့် အမျိုးသားတစ်ဦးထံမှသိရသည်။


စားသောက်ဆိုင်နှင့်ကေတီဗွီများတွင် ဌာနဆိုင်ရာနှင့် လက်နက်ကိုင်များလာရောက်ပျော်ပါးလေ့ရှိပြီး မိန်း ကလေးငယ်များအား အခကြေးငွေမပေးဘဲအခမဲ့ပျော်ပါးသွားကြောင်း စား‌ သောက်ဆိုင်နှင့်ကေတီဗွီဖွင့်ထားသူများနှင့် နီးစပ်ရာအသိုင်းအဝိုင်းမှသိရသည်။


သတင်း - ကချင်ပြည်သား



Comments


Pajau Media

Thanks for subscribing!

bottom of page