top of page

မိုးညှင်းမြို့တွင် WIFI တပ်ဆင်အသုံးပြုနေသူများကိုစစ်‌ကောင်စီကပိတ်ခိုင်းပြီးဆက်လက်အသုံးပြု‌နေပါကဖမ်းဆီးအရေးယူမည်ဟု သတင်းများထွက်ပေါ်နေ

  • Writer: Pajau Media
    Pajau Media
  • Nov 19, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၁၉ရက်၊နိုဝင်ဘာ၊၂၀၂၄။




မိုးညှင်းမြို့တွင် စတားလင့်ဝိုင်ဖိုင်တပ်ဆင်ထားသည့်ဆိုင်များ၊ဟော်တယ်များကို စစ်ကောင်စီမှ အသုံးပြုခြင်းမပြုလုပ်ရန် ပိတ်ထားကြောင်း မြို့ခံများဆီမှ သိရသည်။


"သူတို့က သုံးလို့မရဘူးလို့ပြောလာတော့ပိတ်ထားလိုက်ရတယ်၊ စက်တွေ့ရင်ဖမ်းဆီးအရေးယူမယ်လို့လဲ သတင်းတွေက ထွက်နေတော့ ကျွန်တော်တို့က ပိတ်ယုံတင်မကဘူး စက်ပါဖြုတ်ထားလိုက်ရတယ်၊ဝိုင်ဖိုင်က တပ်ထားတာတောင် တစ်လကျော်လေးရှိသေးတယ်၊အရင်းတောင်မရသေးဘူး အခုပိတ်လိုက်ရပြန်ပြီ၊အစကထဲက မသုံးစေချင်ရင်လဲ စက်တင်သွင်းတာတွေ အစကထဲရခွင့်မပြုနဲ့ပေါ့၊တပ်ပြီးမှ ပိတ်ခိုင်းတော့ ဘယ်လိုအဆင်ပြေပါ့မလဲ ရှုံးတာပေါ့"ဟု စတားလင့်ဝိုင်ဖိုင်တပ်ဆင်၍ဆိုင်ဖွင့်ထားသူ တစ်ဦးမှပြောသည်။


မိုးညှင်းမြို့တွင် စက်တင်ဘာလမှစတင်၍ ဝိုင်ဖိုင်စက်များတပ်ဆင်အသုံးပြုလာကြပြီး အစောပိုင်းတွင် တစ်နာရီ ၂သောင်းကျပ်မှ စတင်ပေးဆောင်အသုံးပြုရပြီး ယခု တစ်နာရီ ၅ထောင်ကျပ်ရောက်ရှိ‌ချိန်မှာ အသုံးပြုခွင့် ပိတ်ပင်ခံလိုက်ရသောကြောင့် နယ်ဝေးသို့ရောက်ရှိနေသည့် မိသားစုများနှင့် ဆက်သွယ်မှုပြတ် တောက်သွား ကြောင်း မြို့ခံများက ပြောသည်။


-ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page