top of page

မိုးညှင်းမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားကာ၊ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ကူနေ

  • Writer: Pajau Media
    Pajau Media
  • Apr 20, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။




ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ နမ္မားကျေးရွာတွင် ယမန်နေ့ ဧပြီလ၁၉ရက် နေ့လည်၁နာရီအချိန်ခန့်က စစ်ကောင်စီတပ်နဲ့ K-PDF ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေ ပြောပြချက်အရ သိရသည်။


 "မနေ့က နမ္မားစစ်တပ်ကနေ အရှေ့တောင်ဖက်ကို စစ်ကြောင်းထိုးနေတယ်လို့ကြားတယ်။ အရှေ့တောင်ဖက်မှာက K-PDF တပ်ရင်းရှိတယ်။ အဲ့ဒါကြောင့် ထိတွေ့တိုက်ပွဲဖြစ်ကြတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် နမ္မားအခြေစိုက် အမြောက်တပ်နှင့် မိုးညှင်းတက္ကသိုလ် တပ်စခန်းမှလည်း တိုက်ပွဲဖြစ်ပွားနေသည့် နေရာသို့ လက်နက်ကြီးများဖြင့် ၁၂ချက်အထိ ပစ်ကူပေး‌နေသည့်အပြင် K-PDFပူးပေါင်းတပ်ဖွဲ့မှလည်း လက်နက်ကြီးနှင့် ပြန်လည်ပစ်ခတ်နေကြသည်ဟု ဒေသခံတွေကပြောသည်။


ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းတွင်လည်း မြိုင်ကျေးရွာအတွင်းလက်နက်ကြီး ကျရောက်ပေါက်ကွဲသောကြောင့် ဒေသခံနှစ်ဦး ထိမှန်သေဆုံးသည့် ဖြစ်ရပ်မျိုး ရှိခဲ့ဖူးသည့်အပြင် အောင်သပြေကျေးရက်ကွက် ဒေသခံများမှာ နေ့လည်၁နာရီအချိန်တွင် လက်နက်ကြီးသံများ ကျယ်လောင်စွာ ဆက်တိုက်ကြားနေရသောကြောင့် စိုးရိမ်နေကြရသည်ဟု ပြောသည်။


လက်ရှိ စစ်ကောင်စီတပ်ဖွဲ့များမှာ မိုးညှင်းမြို့ နမ္မားကျေးရွာမှ ထန်းတပင်ကျေးရွာဘက်အထိ စစ်ကြောင်းထိုးနေပြီး ယခုနှစ် နှစ်ဆန်းပိုင်းမှစကာ မိုးညှင်းမြို့အတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက် ရှိသည့်အပြင် လက်နက်ကြီး ပစ်ခတ်သံများလည်း အမြဲကြားနေရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page