top of page

မိုးညှင်းမြို့တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောက်စီတပ်မှ လက်နက်ကြီးပစ်ခတ်‌နေပြီး စစ်ကားများဖြင့်မြို့ပတ်ကာ အင်အားပြနေ

  • Writer: Pajau Media
    Pajau Media
  • Jan 4, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၄ရက်၊ဇန္နဝါရီ၊၂၀၂၅။




မိုးညှင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်နေပြီး ကျေးရွာအတွင်း စစ်ကားများဖြင့်အင်အားပြ မြို့ပတ်နေကြောင်း မြို့ခံများက ပြောသည်။


ဇန္နဝါရီလ ၂-ရက်နေ့ နေ့လည်ပိုင်းအချိန်မှစပြီး လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေသောကြောင့် ဒေသခံများမှာ လက်နက်ကြီးထိမှန်မည်ကို စိုးရိမ်နေကြရသည်ဟုဆိုသည်။


"မနေ့ နေ့လည်ကထဲက ထန်းတပင်ဖက်ကနေ လက်နက်ကြီးနဲ့ ညနက်တဲ့အထိ ထုနေတုန်းဘဲ ၊ဒီမနက်ထိလဲ ဆက်တိုက်ထုနေတာ၊အခင်းတွေဖက်ကိုအရင်က လက်နက်ကြီးကျပြီး လူသေထားဖူးလို့ တောထဲလဲမသွားရဲ တော့ဘူး။ အိမ်ထဲနေရတာလဲ မလုံခြုံလို့ အမျိုးအိမ်ဖက်သွားနေ နေရတယ်" ဟု ထန်းတပင်ရွာသားတစ်ဦးက ယမန်နေ့က ပြောဆိုထားသည်။




စစ်သားအင်အား(၂၀၀)နီးပါးသယ်ဆောင်ထားသော စစ်ကား(၁၅)စီးဖြင့် ထန်းတပင်ရွာဖက်သို့ တက်သွားကြပြီး၊ ပြန်ထွက်လာချိန်တွင် မြို့ထဲပတ်ကာ အင်အားပြနေသောကြောင့် ပစ်ခတ်မှု‌များဖြစ်လာမည်ကို ဒေသခံများစိုးရိမ်နေရခြင်း ဖြစ်သည်။


ထန်းတပင်ကျေးရွာရှိ အမျိုးသမီးတစ်ဦး၏အိမ်ပေါ်သို့ စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ယင်းအမျိုးသမီးရဲ့ ဘယ်ဖက်လက်တဖက်အား လက်မောင်းအရင်းမှ ဖြတ်လိုက်ရသည့်ဖြစ်စဉ်မျိုး ရှိခဲ့ဖူးကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page