မိုးညှင်းမြို့တွင် လက်နက်ကြီးထုသံများနှင့်သေနတ်ပစ်ဖောက်သံများ နှစ်ရက်ဆက်တိုက်ကြားနေရ
- Pajau Media

- Feb 4, 2024
- 1 min read
ပါဂျောင်မီဒီယာ
၄ ဖေဖော်ဝါရီ ၂၀၂၄

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ရှမ်းနီခေါင်းဆောင်တစ်ဦး၏ အိမ်အနီးအသံဗုံးပေါက်ပြီး နောက်ပိုင်းတွင် နှစ်ရက်ဆက်တိုက်လက်နက်ကြီးရမ်းသန်းပစ် ခတ်သံများနှင့် သေနတ်ပစ်ဖောက်သံများကြားနေရကြောင်းမြို့နေပြည်သူများထံမှသိရသည်။
"ဖေဖော်ဝါရီ ၁ ရက်နေ့ ည ဆယ်နာရီလောက်မှာ အောင်သပြေရပ်ကွက်နဲ့ ထန်းတပင်ရွာဖက်မှာ အပြန်အလှန်ပစ်ခတ်တာမျိုးမရှိဘဲ သေနတ်ပစ်ဖောက်သံတွေကြားရတယ်၊ဖေဖော်ဝါရီ2ရက်နေ့ညဆယ့်တစ်နာရီမှာကျ လက်နက်ကြီးထုသံတွေကြားရတယ်၊ညကမိုးရွာနေတော့ မိုးချိန်းသံလို့ထင်နေတာ၊ သေချာနားထောင်မှလက်နက်ကြီးသံမှန်း သိတာ။"ဟုမြို့နေပြည်သူအမျိုးသားတဦးကပြောသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ဆယ်နာရီခွဲခန့်က စိမ်းရတနာမွန်ရပ်ကွက်တွင် ရှမ်းနီခေါင်းဆောင်တစ်ဦး၏အိမ်အနီးရှိ သဲပုံတွင် အသံဗုံးပေါက်ကွဲသွားကြောင်းသိရသည်။
"ကျွန်တော့အိမ်နဲ့သိပ်မဝေးတော့ ဗုံးပေါက်တဲ့အသံက တော်တော်ကျယ်တယ်၊ အသံဗုံးလို့တောင်မထင်ထားဘူး၊ လူထိခိုက်တာဘာညာတော့မရှိပေမယ့် ပြည်သူတွေတော့ အထိတ်တလန့်ဖြစ်သွားကြတယ်၊ ကျောင်းဖွင့်ရက်ဆို တော့ စိုးရိမ်စရာမငြိမ်သက်တဲ့အခြေနေတခုခု ဖြစ်လာမှာစိုးလို့ ကလေးတွေကိုတောင် ညနေပိုင်း ကျောင်းမပို့ကြတော့ဘူး။"ဟု ရပ်ကွက်နေပြည်သူတဦးကပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ စစ်သားနှင့်ရှမ်းနီပြည်သူ့စစ်များ မိုးညှင်းမြို့ပေါ်တွင်ခြေရှုပ်နေပြီး ဖေဖော်ဝါရီ လ ၁ရက် နေ့(အာဏာသိမ်းခြင်းသုံးနှစ်ပြည့် silent သပိတ်နေ့)မတိုင်မှီရက်ပိုင်းတွင် မိုးညှင်းမြို့ပေါ်၌ သုံးရက်ဆက်တိုက် စုဆောင်းရေးဆွဲခြင်းများကြောင့် သတိပေးခြင်းလဲဖြစ်နိုင်တယ်ဆိုပြီးပြည်သူများပြောဆိုနေကြကြောင်းထပ်မံသိရသည်။
ဗုံးပေါက်ကွဲသည့်နေရာသည် စိမ်းရတနာမွန်(တောင်)ရပ်ကွက်ပေ၆၀လမ်းမကြီးပေါ်တွင်ဖြစ်ပြီး ပြည်သူများ မပြတ်သွားလာနေသောနေရာဖြစ်ကြောင်းသိရသည်။
သတင်း - ကချင်ပြည်သား




Comments