top of page

မိုးညှင်းမြို့၊ထန်းတပင်ကျေးရွာတွင် စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာသောကြောင့် ရွာခံများ လုံခြုံရေးအတွက်စိုးရိမ်နေ

  • Writer: Pajau Media
    Pajau Media
  • Jan 14, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၄ရက်၊ဇန္နဝါရီ၊၂၀၂၅။




မိုးညှင်းမြို့၊ထန်းတပင်ကျေးရွာတွင် စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်လာသဖြင့် ထန်းတပင်ကျေးရွာရှိ ပြည်သူအချို့ နေရပ်စွန့်ခွာပြောင်းရွေ့နေကြောင်း ဒေသခံများထံမှသိရသည်။


စစ်ကောင်စီတပ်က ဇန်နဝါရီ (၂)ရက်နေ့ကတည်းက အကြောင်းမဲ့လက်နက်ကြီး ပစ်ခတ်‌နေပြီး ရွာသားများကို ယခုလ (၁၈)ရက်နေ့အပြီး ရွေ့ပြောင်းကြရန် ထန်းတပင်ဥက္ကဌအား အကြောင်းကြားလာသောကြောင့် ရွာသားတစ်ချို့ ပြောင်းရွေ့နေကြသည်ဟု ဆိုသည်။


"လက်နက်ကြီးနဲ့ ငါးရက်ဆက်တိုက်ပစ်နေတာ လူနေအိမ်ပေါ်ကိုလဲကျလို့ လူတွေလဲထိတယ်၊ ဥက္ကဌက ပြောင်းဖို့ပြောလာလို့ ပြောင်းကြတာ့လဲ စစ်သားတွေကပြောင်းရင် အိမ်ပေါ်တက်နေမယ်၊ အိမ်မီးရှို့မယ်လို့ ပြောနေပြန်‌တော့ ကျုပ်တို့က ပြောင်းရမှာလား မပြောင်းရဘူးလား ဘာမှန်းကိုမသိတော့ဘူး” ဟု ရွာသားတစ်ဦးက ပြောသည်။





ထို့အပြင် စစ်ကောင်စီတပ်က ထန်းတပင်ကျေးရွာ ပတ်ပတ်လည်ကို မြေကျင်းတူးကာ မြေမြုပ်မိုင်းများထောင်ထားပြီး လမ်းများကိုလည်းပိတ်ထားကြောင်း ထန်းတပင်ရွာသားတစ်ဦးက ဆက်ပြောသည်။


"စစ်တပ်က ရွာကိုဝင်ထွက်လို့ရတဲ့ နေရာပတ်ပတ်လည်တွေမှာ မြေကျင်းတူးပြီး မိုင်းတွေထောင်ထားတယ် ၊လမ်းတွေကိုလဲ အကုန်ပိတ်ထားတယ်၊ ရွာမကြီးအဝင်က ကွန်ကရစ်လမ်းတလမ်းဘဲ ဖွင့်ထားပေးတာ၊ တက္ကသိုလ်ကျာင်းလမ်းဘေးကိုလဲ ကား‌တွေဝင်မရအောင် စည်ပိုင်းတွေနဲ့ ပိတ်ထားသေးတယ် ၊ပိတ်ထားတဲ့လမ်းကဖြတ်သွားလို့ မိုင်းနင်းမိတဲ့ ရွာသားတွေလည်းရှိတယ်" ဟု ပြောသည်။


စစ်ကောင်စီတပ်သား (၅၀)ဝန်းကျင်နှင့် ရှမ်းနီပြည်သူ့စစ်(၅၀) ပူးပေါင်းတပ်ဖွဲ့များမှာ ထန်းတပင်ကျေးရွာအနီးတစ်ဝိုက်တွင် သွားလာလှုပ်ရှားနေပြီး ကင်းပုန်းဝပ်ခြင်းများလည်း လုပ်ဆောင်နေသောကြောင့် ဒေသခံများ လုံခြုံရေးအတွက်စိုးရိမ်နေကြရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page