top of page

မိုးညှင်းမြို့နယ် နမ္မားမြို့တွင် တစ်လနီးပါး ကြာမြင့်သည်အထိ လျှပ်စစ်မီး ပြန်မရသေး

  • Writer: Pajau Media
    Pajau Media
  • May 22, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၂ရက်၊မေလ၊၂၀၂၄ခုနှစ်။




မိုးညှင်းမြို့နယ်၊ နမ္မားမြို့တွင် လျှစ်စစ်မီး ဖြတ်တောက်ခံထားရသည်မှာ တစ်လခန့် ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။


ယခုကဲ့သို့ လျှပ်စစ်မီး ကြာရှည်စွာ ပြတ်တောက်နေသည်မှာ ပြီးခဲ့သည့် မေလဆန်းတွင် ဖြစ်ပွားခဲ့သော လေပြင်းမုန်တိုင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။


ယင်းလေပြင်းမုန်တိုင်း တိုက်ခိုက်သောကြောင့် ဓါတ်တိုင်များ ကျိုးသွားခဲ့ပြီးပျက်စီးသွားသည့် ဓါတ်တိုင်များအား အစားထိုးပြန်စိုက်ရန်လည်း မီးတိုင်အဆင်သင့်မရှိသည့်အပြင် မန္တလေးဘက်မှ သယ်ယူရသောကြောင့် အချိန်ကြန့်ကြာနေရခြင်း ဖြစ်ကြောင်း EPC ဝန်ထမ်းများထံမှ သိရသည်။


"လေမုန်တိုင်းတိုက်တုန်းက မီးတိုင်တွေ တော်တော်များများ ကျိုးသွားတယ်။ အသစ်စိုက်ဖို့ မီးတိုင်ကလဲ အဆင်သင့်ရှိမနေဘူး၊ မီးတိုင်တွေကို မန်းလေးဖက်ကနေ မှာယူရတယ်၊ လမ်းပန်းဆက်သွယ်ရေး ကြန့်ကြာနေတာနဲ့ ချက်ချင်းမစိုက်နိုင်ဘူး ဖြစ်နေတယ်။” ဟု EPC ဝန်ထမ်းတစ်ဦးက ပြောသည်။


နမ္မားမြို့တွင် လျှပ်စစ်မီး ပြတ်တောက်နေချိန် တစ်လနီးပါး ကြာမြင့်လာပြီဖြစ်သောကြောင့် နမ္မားဒေသ ပြည်သူများ၏ နေ့စဉ်လုပ်ငန်းခွင်များတွင်လည်း အခက်အခဲ ဖြစ်ရသည်ဟု ဆိုသည်။


ထို့အပြင် လျှပ်စစ်မီးတိုင် ပြန်လည်အစားထိုးပြုပြင်ရန်မှာလည်း မူးယစ်ဆေးစွဲနေသူများမှ မီးကြိုးဖြုတ် ခိုးယူမှုများရှိခြင်းကြောင့် အသစ်ပြန်သွယ်ရန် ခက်ခဲနေရခြင်း ဖြစ်သည်။


သို့သော် ပြန်လည်ပြင်ဆင်နေမှု ပြီးသလောက်ရှိနေပြီဖြစ်သောကြောင့် ၃ရက်အတွင်း မီးပြန်ရနိုင်ဖွယ်ရှိကြောင်းနှင့် မီးကြိုးဖြတ် ဖြုတ်ခိုးသည့် တရားခံအချို့ကိုလည်း သက်ဆိုင်ရာမှ ဖမ်းဆီးထားနိုင်ပြီ ဖြစ်ကြောင်း အထက်ပါ ဝန်ထမ်းက ဆက်ပြောသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page