top of page

မိုးညှင်းမြို့၊ ပင်းဟဲကျေးရွာနှင့် ပင့်သာကျေးရွာမှ လူငယ်၂၈ဦးကို စစ်မှုထမ်းရန် တောင်းခံလာ

  • Writer: Pajau Media
    Pajau Media
  • Apr 13, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၃ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ပင်းဟဲကျေးရွာတွင် စစ်ကောင်စီ၏ စစ်မှုထမ်းရန် လူငယ်၂၈ဦး တောင်းခံလာသည်ဟု ပင်းဟဲကျေးရွာ ဒေသခံများက ပြောသည်။


"ဧပြီလဆန်းပိုင်းမှာ စစ်တပ်က အုပ်ချုပ်ရေးမှူးကို ခေါ်ပြောတာ။ ပင်းဟဲရွာနဲ့ ပင့်သာရွာက လူငယ်၂၈ယောက် တောင်းတာ။ ရွာကမိဘတွေကလဲ လက်မခံသလို လူငယ်တွေကလဲ မလိုက်ချင်ကြဘူး။ ပိုက်ဆံနဲ့ညှိမလား ဘယ်လိုညှိမလဲမသိဘူး။ လူစာရင်းတော့ ကျထားပြီ။” ဟု ပင်းဟဲရွာသားတစ်ဦးက ပြောသည်။


စစ်ကောင်စီက ပင်းဟဲကျေးရွာနှင့် ပင့်သာကျေးရွာမှ လူငယ် ၂၈ဦးကို စာရင်းနှင့် အတိအကျ ပေးပို့ကာ တောင်းဆိုလာခြင်း ဖြစ်ပြီး၊ သင်္ကြန်အပြီး လာခေါ်မည်ဟု ပြောဆိုထားကြောင်းလည်း ထပ်မံပြောပြသည်။

ဒေသခံများပြောပြချက်အရ ပင်းဟဲကျေးရွာသည် လူဦးရေ(၃၀၀၀)ကျော် မှီတင်းနေထိုင်သော ကျေးရွာတစ်ရွာဖြစ်ပြီး၊ ပြည်သူ့စစ် အားကောင်းသော ကျေးရွာဖြစ်သည်ဟု ဆိုသည်။


စစ်ကောင်စီက မတ်လ ၁၇ရက်နေ့မှစ၍ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့များတွင် စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှုများမှတစ်ဆင့် စစ်မှုထမ်းရန် ဆင့်ခေါ်စာပေးပို့ပြီး၊ စာရင်းကောက်ယူကာ လူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page