top of page

မိုးညှင်းမှာ မိုးကြိုးလျှပ်စီးဝင်ပြီး နေအိမ်တလုံးမီးလောင်

  • Writer: Pajau Media
    Pajau Media
  • Jul 15, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၅ရက်၊ဇူလိုင်လ၊၂၀၂၅။


မိုးညှင်းမြို့ ထန်းတပင်ရွာက အိမ်တအိမ်ကို ယနေ့နံနက်၄နာရီခန့်ချိန်တွင် မိုးကြိုးပစ်ခံရကာ၊ လျှပ်စီးဝင်သောကြောင့် မီးလောင်သွားသည်ဟု ထန်းတပင်ရွာသားတဦးမှ သိရသည်။


"မိုးညှင်းမှာ လျှပ်စစ်မီးပျက်နေတာ တပတ်လောက်ရှိပြီ၊ လျှပ်စစ်ဓါတ်အားမလောက်လို့ အချိန်နဲ့ တလှည့်စီပေးနေတာ၊ မနက်က ၄နာရီ ၄၅ မိနစ်လောက်မှာ မီးလာလို့ မီးတွေထပိတ်ချိန်မှာ ညော်နံ့ရလို့ ထကြည့်သေးတယ်၊ လူမနေတဲ့ ဘေးအိမ်ကလောင်နေတာ ဟုတ်တယ်၊ အဲ့အိမ်မှာက အစောင့်တော့ရှိပေမယ့် သော့ခတ်ထားတဲ့ အိမ်အကြီးအထဲမှာ လောင်နေတာ၊ မီးသတ်ကားကမနက် ၆ နာရီ ကျော်မှ ရောက်လာပြီး သုံးခါလောက် ရေဖြည့်ပြီး မီးငြိမ်းသတ်လိုက်ရတယ်" ဟု မီးလာင်သွားသည့်အိမ်အနီးမှ အိမ်နီးချင်းက ပြောသည်။


မီးလောင်သွားသည့်အိမ်မှာ ထန်းတပင်ကျေးရွာမှ ဗွီအိုင်ဗွီကေတီဗွီနှင့် ကပ်လျက်တွင်ရှိပြီး ပိုင်ရှင်မှာ လူမနေဘဲ ကုန်တွေထည့်ကာ တံခါးပိတ်ထားသောကြောင့် အိမ်အတွင်းပိုင်းက ကုန်ပစ္စည်း‌များအားလုံး မီးလောင်ပျက်စီးသွားကြောင်း အထက်ပါက ဆက်ပြောသည်။


 ယခင်က မိုးညှင်းမြို့၏ လျှပ်စစ်မီးကို နဘားလျှပ်စစ်ဓါတ်အားပေးစက်ရုံက ပေးတာဖြစ်ပေမယ့် နဘားလိုင်းပြင်ဆင်ရန် အခက်အခဲဖြစ်နေသောကြောင့် လက်ရှိအချိန်တွင် ချီဖွေ လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ အချိန်ပိုင်းဖြင့် အလှည့်ကျ ဓါတ်အားဖြန့်ဖြူးပေးနေရာ တပတ်ခန့်ကြာမြင့်‌နေပြီ ဖြစ်ကြောင်း ထပ်မံသိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page