top of page

မိုးညှင်းမှ မြစ်ကြီးနားသို့ ပြေးဆွဲနေသည့်ယာဉ်များ အသွားတစ်ကြိမ် အပြန်တစ်ကြိမ်ဖြင့် နေ့စဉ် အခွန်ဆောင်နေရ

  • Writer: Pajau Media
    Pajau Media
  • May 16, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊ မေလ၊၂၀၂၄ခုနှစ်။




ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ရှမ်းနီပြည်သူ့စစ် ဂိတ်များတွင် ကုန်သယ်ယာဉ်များနှင် ခရီးသယ် တင်ယာဉ်များအား အခွန်အခ ကောက်ခံနေပြီး အသွားအပြန် အမြဲအခွန်ဆောင်နေရသည်ဟု မိုးညှင်းမှ မြစ်ကြီးနား ပြေးဆွဲနေသည့် ကားသမားများထံမှ သိရသည်။


"ကားသေးတစ်စီးကို အသွားတစ်ထောင် အပြန်တစ်ထောင်၊ ဆန်ကား စပါးကားဆိုရင် အသွားနှစ်ထောင်၊ အပြန်နှစ်ထောင်၊ ကားကြီးတွေဆိုရင် အသွားငါးထောင်၊ အပြန်ငါးထောင် အဲ့လို‌ပေးနေရတယ်၊ အရင်က အဲ့လောက်မတောင်းဘူး၊ အတောင်းကြမ်းနေတာ နှစ်လလောက်ရှိပြီ။” ဟု မိုးညှင်းမြို့မှ မြစ်ကြီးနားမြို့သို့ ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။


ရှမ်းနီပြည်သူ့စစ် ဂိတ်များမှာ ဟိုပင်ငါးမိုင်ဂိတ်၊ ဟိုပင်ကြားကြီးကွင်းဂိတ်၊ နန်းခွင်အဝင်ဂိတ်၊ ဆားမှော်နှီးဘုရားဂိတ်နှင့် မိုးကောင်းအဝင်ဂိတ်များတွင် ပြည်သူ့စစ်စခန်းချ နေထိုင်ပြီး မိုးညှင်း-မြစ်ကြီးနား ပြေးဆွဲသည့် ယာဉ်များအား အဝင်တစ်ကြိမ် အထွက်တစ်ကြိမ်ဖြင့် နေ့စဉ် အခွန်ကောက်ခံနေကြောင်း သိရသည်။





အခွန်ကောက်ခံရာတွင် ကားအသေး၊ အကြီးနှင့် ဆန်စပါး၊ ကုန်ပစ္စည်းများ သယ်သည့်ကားများဟူ၍ အမျိုးအစားခွဲကာ တစ်ထောင်မှ ငါးထောင်အထိ အသွားအပြန် ကောက်ခံပြီး ယခုကဲ့သို့ လုပ်ဆောင်နေသည်မှာလည်း နှစ်လနီးပါး ရှိနေပြီ ဖြစ်ကြောင်း ကားသမားများက ဆိုသည်။


ထို့အပြင် ဂိတ်စခန်းမှ တောင်းဆိုသည့် ငွေပမာဏအတိုင်း မပေးဆောင်လျှင် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ကာ ဖြတ်သန်းခွင့်ပါ ပိတ်ပင်ထားကြောင်း ထပ်မံ သိရသည်။


ယင်းလုပ်ဆောင်မှုများကြောင့် ပြီးခဲ့သည့် မတ်လ၃ရက်နေ့တွင်လည်း ဟိုပင်ငါးမိုင်ဂိတ်အနီးရှိ ရှမ်းနီပြည်သူ့စစ်ဂိတ်မှ ဆန်သယ်သည့် ကားသမားနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရှိခဲ့ဖူးသည်ဟု ဆိုသည်။


မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် အင်းတော်ကြီးဒေသများတွင် ဇန္နဝါရီလမှစ၍ ရှမ်းနီပြည်သူ့စစ်များ သိသိသာသာ လှုပ်ရှားလာကာ ဂိတ်စခန်းများပါ တိုးချဲ့လာကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page