မိုးညှင်းမြို့မှာ ပုပ်ပွနေသည့် ပိုင်ရှင်မဲ့အမျိုးသားအလောင်း တွေ့ရှိ
- Pajau Media

- Feb 20, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၀ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။
မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်အစွန်မှ ခြုံစပ်အနီးတွင် ပုပ်ပွနေသည့် ပိုင်ရှင်မဲ့အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိကြောင်း သိရသည်။
"သေတာကခန့်မှန်းချေ တပတ်လောက်ရှိမယ်ထင်တယ်။ နီးစပ်ရာပတ်ဝန်းကျင်က အနံ့ရလို့ သွားကြည့်မှ လူသေအလောင်းဖြစ်နေလို့ အကြောင်းကြားလာတာ၊ သေတဲ့သူဘယ်သူမှန်း မသိရသေးဘူး" ဟု မေတ္တာလေညှင်းလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
အလောင်းကို ယမန်နေ့ ဖေဖော်ဝါရီ ၁၉ရက်နေ့ နေ့လည်၁၂နာရီခန့်မှ နီးစပ်ရာပတ်ဝန်းကျင်မှ အနံ့ရသောကြောင့် ရှာဖွေကြည့်ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ မည်သူမည်ဝါ ဖြစ်သည်ကို ဆက်သွယ်စုံစမ်းမရသေးကြောင်း သိရသည်။
သေဆုံးသူမှာ လူမှုကူညီရေးအသင်းမှ အလောင်းသယ်ယူစဉ် လက်တွင် ဆေးထိုးအပ် တန်းလန်းဖြင့် သေဆုံးနေသောကြောင့် မူးယစ်ဆေးဝါး သုံးစွဲရင်းရှော့ဖြစ်ကာ သေဆုံးတာဖြစ်နိုင်ကြောင်း လူမှုကူညီရေးအသင်းမှ ခန့်မှန်းထားသည်။
မိုးညှင်းဒေသခံများ ပြောဆိုချက်အရ မိုးညှင်းမြို့တွင် ဖုန်းလိုင်းဖြတ်တောက်ခံရပြီးနောက်ပိုင်း ယခုကဲ့သို့ ပိုင်ရှင်မဲ့အလာင်းများ ပိုမိုများပြားလာသည်ဟု ဆိုသည်။
သတင်း - ကချင်ပြည်သား










Comments