မိုးညှင်း-အင်ကြင်းကုန်းတွင် ရှမ်းနီပြည်သူ့စစ်နှင့် ဟိုပင် PDFအကြား စစ်ရေးတင်းမာနေ
- Pajau Media

- Aug 5, 2025
- 1 min read
ပါဂျောင်မီဒီယာ
၅ရက်၊ သြဂုတ်၊ ၂၀၂၅။

ကချင်ပြည်နယ် မိုးညင်းမြို့နယ် အင်ကြင်းကုန်းတွင် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့နှင့် ဟိုပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိချိန်ထိ စစ်ရေးဆက်လက် တင်းမာနေဆဲဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
"ဒီရက်ပိုင်းထဲ ရှမ်းနီတွေက ရွာထဲစစ်သားလာကောက်တာတော့ PDF တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်"ဟု အင်ကြင်းကုန်း ဒေသခံတစ်ဦးက ပြောသည်။
စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်နှင့် ဗျူစောထီးပြည်သူ့စစ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး ပြီးခဲ့သည့် ဇွန်လမှစတင်၍ မိုးညင်းနှင့် ဟိုပင်မြို့နယ်ထဲတွင် စစ်ကြောင်းထိုးကာ တိုက်ပွဲများ စတင်လာသည့်အပြင် စစ်သားလိုက်လံစုဆောင်းနေသောကြောင့်လည်း လူငယ်အများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့များသည် ဟိုပင် - မိုးညင်းရှိ ရထားလမ်းပိုင်းနေရာနှင့် မိုးညှင်း - မြစ်ကြီးနား ကားလမ်းပိုင်းဘေးရှိ အင်ကြင်းကုန်းကျေးရွာတွင် စစ်သားအင်အား ၇၀ ခန့်ဖြင့် တပ်စွဲနေရာယူထားကြပြီး သြဂုတ်လမှစ စစ်ရေးတင်းမာလာသည်ဟု ဆိုသည်။
လက်ရှိကချင်ပြည်နယ် ဖားကန့်မြို့နယ်အပါအဝင် ဗန်းမော်နှင့် မ်ိုးညှင်းမြို့နယ်တို့တွင် တိုက်ပွဲ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး စစ်တပ်၏ လေကြောင်း လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူအများအပြား ထိခိုက် သေဆုံးနေသည်။
သတင်း-ဖရိန်း




Comments