မြန်မာနိုင်ငံက မြေမြုပ်မိုင်းနှင့် လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူ အများဆုံးနိုင်ငံဖြစ်လာ
- Pajau Media

- Feb 26
- 1 min read
ပါဂျောင်မီဒီယာ
၂၆ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသည် မြေမြုပ်မိုင်းနှင့် လက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှု အမြင့်ဆုံးနိုင်ငံ ဖြစ်လာသည်ဟု Landmine Monitorအဖွဲ့၏ ၂၀၂၅ အစီးရင်ခံစာအရ သိရသည်။
တစ်နှစ်ပြီးတစ်နှစ် ထိခိုက်သေဆုံးသူမှာ နှစ်ဆပိုမိုမြင့်မားလာပြီး၊ ယခုကဲ့သို့ ထိခိုက်သေဆုံးသူများထဲမှ ၈၆ရာခိုင်နှုန်းမှာ ပြည်သူများသာ အများဆုံးဖြစ်သည်ဟု ပြောဆိုထားသည်။
၂၀၂၄ခုနှစ်တွင် မြေမြုပ်မှိုင်းနှင့် စစ်လက်နက်ကြောင့် သေဆုံးသူ (၂၀၂၉)ဦးရှိခဲ့ပြီး၊ ၂၀၂၃ခုနှစ်တွင် (၁၀၀၃)ဦး သေဆုံးကာ ၂၀၂၂ခုနှစ်တွင် (၅၄၅)ဦး သေဆုံးခဲ့သည်။ ယခင် ၁၉၉၉ခုနှစ်ကတည်းက လက်ရှိချိန်ထိ သေဆုံးသူ စာရင်းမှာ (၉၂၀၆)ဦးထိ ရှိခဲ့သည်။ သို့သော် လက်တွေ့မြေပြင်တွင် လက်ရှိထက် ပိုမိုများပြားနိုင်သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီက ပြည်သူများကို လူသားဒိုင်းကာအဖြစ် အသုံးပြုကာ ရှေ့တန်း၌ မြေမြုပ်မှိုင်းဖြေရှင်းရန် ဖမ်းဆီးခေါ်ဆောင်ခြင်းများ ရှိကြောင်းနှင့် ယင်းလုပ်ရပ်မှာ လူ့အခွင့်အရေးချိုး တရားဉပဒေအား ချိုးဖောက်ရာမြောက်သည်ဟုလည်း ပြောဆိုထားသည်။
လက်ရှိ နိုင်ငံအတွင်း ထိတွေ့တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေကြပြီး၊ ဆေးရုံဆေးခန်းများကိုလည်း ပစ်မှတ်ထားပစ်ခတ်နေကြသောကြောင့် ထိခိုက်ပြည်သူများအား ကုသပြုစုရာတွင် ပိုမိုခက်ခဲလာကြောင်း သိရသည်။
သတင်း - ပီလမ့်အူ




Comments