top of page

နှစ်ပတ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း (၇၅)ခု ရှိခဲ့ကြောင်း Myanmar Peace Monitor( MPM)က ဖော်ပြ

  • Writer: Pajau Media
    Pajau Media
  • Mar 20, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၀ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက်နေ့မှ မတ်လ ၁၂ရက်အထိ နှစ်ပတ်တာကာလအတွင်း မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF)များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း (၇၅)ခု ရှိခဲ့ကြောင်း Myanmar Peace Monitor( MPM)က ဖော်ပြထားသည်။


ယင်းတို့အနက် ကချင်ပြည်နယ်သည် တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း (၂၁)ခုအထိ ရှိခဲ့ပြီး၊ တိုက်ပွဲဖြစ်ပွားမှု အများဆုံးဒေသအဖြစ် တွေ့ရှိရသည်။


ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများကြောင့် စစ်ကိုင်း၊ ကချင်၊ တနင်္သာရီ၊ ကရင်၊ ရှမ်းနှင့် မန္တလေး စသည့် တိုင်းနှင့် ပြည်နယ်အသီးသီးမှ ဒေသခံပြည်သူ (၃၇၅၀၀)ဦးခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကချင်ဒေသတွင် စစ်ဘေးရှောင်ဦးရေ တစ်သောင်းနီးပါးအထိ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ထပ်မံဖော်ပြထားသည်။


နှစ်ပတ်တာကာလ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၂၂၃)ဦး သေဆုံးခဲ့ပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်သား (၆)ဦး သေဆုံးခဲ့သည်။


စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုများကြောင့် စစ်ကိုင်း၊ ရှမ်း၊ ရခိုင်၊ ကယား၊ ပဲခူး၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ မကွေးနှင့် ချင်း စသည့် တိုင်းနင့် ပြည်နယ်အသီးသီးမှ အရပ်သား ပြည်သူ ၆၁ဦး သေဆုံးခဲ့ပြီး၊ ကချင်ပြည်နယ်မှ စစ်ကောင်စီတပ်သား (၇၃)ဦး နှင့် အရပ်သားသေဆုံးမှု (၉)ဦးအထိ ရှိခဲ့ကြောင်း MPMက ဖော်ပြထားသည်။


၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂၀၂၄ခုနှစ် မတ်လ ၁၂ရက်နေ့အထိ စစ်အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း (၄၂၅၉ခု)အထိ ရှိခဲ့ပြီး၊ စစ်ကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူပေါင်း (၂၉၂၅၅၂၉)ဦးခန့် အထိ ရှိလာခဲ့ကြောင်း MPM၏ ဖော်ပြချက်အရ သိရသည်။

Comments


Pajau Media

Thanks for subscribing!

bottom of page