top of page

မြန်မာနိုင်ငံအတွင်း တိုင်းပြည်အာဏာသိမ်းပြီးနောက် သုံးနှစ်တာကာလအတွင်း ဘဏ်နှင့်ရွှေဆိုင်လုယက်မှု ၈၂ ကြိမ်အထိရှိလာ

  • Writer: Pajau Media
    Pajau Media
  • Mar 5, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၅ရက်၊ မတ်လ၊ ၂၀၂၄ခုနှစ်။



တိုင်းပြည်အာဏာသိမ်းခံရပြီး သုံးနှစ်တာ ကာလအတွင်း ဘဏ်နှင့်ရွှေဆိုင်လုယက်မှု ဖြစ်စဉ်ပေါင်း ၈၂ကြိမ် ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ သုတေသနအဖွဲ့ဖြစ်သည့် Data For Myanmarက ဖေဖော်ဝါရီလ ၂၀ရက်နေ့မှာ ထုတ်ပြန်ထားသည်။


ဘဏ်အဆောက်အဦးအတွင်း ဝင်ရောက်လုယက်ခဲ့သည့် ဖြစ်စဉ်ပေါင်း ၂၅ကြိမ်နှင့် ရွှေဆိုင်အတွင်း ဝင်ရောက်လုယက်ခဲ့သည့် ဖြစ်စဉ်ပေါင်း ၅၇ကြိမ်၊ စုစုပေါင်း ၈၂ကြိမ် ဖြစ်ပွားခဲ့သည်ဟု Data For Myanmar က ဖော်ပြထားသည်။


ရွှေဆိုင်လုယက်မှု ဖြစ်ပွားခဲ့သည့် နေရာများကို ကြည့်ခြင်းအားဖြင့် မန္တလေးမြို့မှာ ရွှေဆိုင်လုယက်မှု ၁၂ကြိမ်နှင့် အများဆုံး ဖြစ်ပွားခဲ့ပြီး၊ ရန်ကုန်မှာ ၆ကြိမ်နှင့် ဒုတိယအများဆုံးဖြစ်ကာ၊ ဖားကန့်မှာ ၃ကြိမ်နှင့် တတိယအများဆုံး ဖြစ်ပွားခဲ့သည်။


ထို့အပြင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းက မြို့တွေမှာလည်း ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။


ဘဏ်လုယက်မှု ဖြစ်စဉ်တွေက ၂၀၂၁ခုနှစ်မှ ၂၀၂၂ခုနှစ်အတွင်း အများဆုံးဖြစ်ပွားခဲ့ပြီးနောက် တစ်ဖြည်းဖြည်း လျော့နည်းသွားခဲ့ရာ ရွှေဆိုင်လုယက်မှု ဖြစ်စဉ်တွေက ၂၀၂၂ မေလကနေ ၂၀၂၄ ဖေဖော်ဝါရီလအထိ လတိုင်း အနည်းဆုံး တစ်ကြိမ် ဖြစ်ပွားနေကြောင်း ဆိုသည်။


ရွှေဆိုင်လုယက်မှု ဖြစ်စဉ်များအနက် ဖြစ်စဉ်စုစုပေါင်း၏ ၂၀ရာခိုင်နှုန်းကျော်သာ ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး၊ ရွှေဆိုင်လုယက်မှု ကြိုးပမ်းသည့် ဖြစ်စဉ် ၇ခုနှင့် ကျူးလွန်မှု အထမြောက်သည့် ဖြစ်စဉ် ၅၀ခု ရှိခဲ့သည့်အပြင် အခင်းဖြစ်ပွားစဉ် ထိခိုက်မှုအနေဖြင့် ရွှေဆိုင်ဝန်ထမ်းနှင့် ပိုင်ရှင်ဘက်က ၂ဦး သေဆုံးပြီး ၇ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Data For Myanmar၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။


Photo credit


Comments


Pajau Media

Thanks for subscribing!

bottom of page