မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား လေးထောင်ကျော် လွတ်ငြိမ်းခွင့်ပေး
- Pajau Media

- Apr 17
- 1 min read
ပါဂျောင်မီဒီယာ
၁၇ရက်၊ဧပြီ၊၂၀၂၆။
ယနေ့ကျရောက်သည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်သစ်မင်္ဂလာအထိမ်းအမှတ်အဖြစ် သမ္မတဦးဝင်းမြင့် နှင့်အတူ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၄၃၃၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။
ယင်း အကျဉ်းသား ၄၃၃၅ ဦးကို နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခင်က ပြစ်ဒဏ်အပြင် လက်ရှိကျခံရန် ကျန်ရှိနေသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဆိုသော ခံဝန်ချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း သိရသည်။
အလားတူ အကျဉ်းထောင်အသီးသီးမှ သေဒဏ်ပြစ်ဒဏ်ကျခံနေသော အကျဉ်းသားများကို ထောင်ဒဏ်တသက်၊ ထောင်ဒဏ်တသက်နှင့် နှစ် ၄၀ အထက်ပြစ်ဒဏ်ကျခံနေသော အကျဉ်းသားများကို ထောင်ဒဏ် နှစ် ၄၀ နှင့် ထောင်ဒဏ် နှစ် ၄၀ အောက်ကျခံနေသော အကျဉ်းသားများကို ခြောက်ပုံတပုံ ထောင်ဒဏ်နှစ်များ လျှော့ပေါ့ကျခံရန် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ထိုထုတ်ပြန်ချက်တွင် ဧပြီလ ၁၇ ရက်နေ့ မတိုင်မီ ပြစ်ဒဏ်ချမှတ်ခံရပြီးသူများအားလုံး ပါဝင်ပြီး ထောင်ဒဏ်တသက်နှင့် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျခံနေရသူများမှာ ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေရန် (ယခင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များ အရ သေဒဏ်မှ ထောင်ဒဏ်တသက်သို့ ပြောင်းလဲထားသူများမပါ) ဟု ထည့်သွင်းဖော်ပြ ထားသည်။
သတင်း - ဖရိန်း










Comments