မြန်မာ့နှစ်ဆန်း လွှတ်ငြိမ်းခွင့်တွင် ကချင်ပြည်နယ်မှ ၁၁၁ဦး ပါဝင်
- Pajau Media

- 2 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၁ရက်၊ဧပြီ၊၂၀၂၆။

မြန်မာ့ နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် (ဧပြီလ ၁၇ ရက်)နေ့တွင် အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၄၃၃၅ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများထဲတွင် ကချင်ပြည်နယ်မှ အကျဉ်းသား (၁၁၁)ဦး ပါဝင် လွတ်ငြိမ်းခွင့်ရကြောင်း သိရသည်။
ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရသူများထဲတွင် ကချင်ပြည်နယ်မှ(၁၁၁)ဦး၊ ရခိုင်ပြည်နယ်မှ (၁၀၃)ဦး၊ ရှမ်းပြည်နယ်မှ (၃၉၇)ဦး၊ မွန်ပြည်နယ်မှ (၁၃၃)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁၀၅၈)ဦး၊ ကယား ပြည်နယ်မှ (၈)ဦး၊ ကရင်ပြည်နယ်မှ (၁၆၁)ဦးတို့ ဖြစ်သည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၂၇)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၅၁)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၄၁၇)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၂၉၁)ဦး၊ မန္တလေး တိုင်းဒေသကြီး (၆၄၂)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၃၆၃)ဦး၊ ကုန်ထုတ်စခန်းများမှ (၆၀၈)ဦးနှင့်အတူ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ သင်တန်းကျောင်းများမှလူငယ် (၄၄)ဦး (စုစုပေါင်း ၄၃၃၅)ဦးတို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရခဲ့သည်။
ထိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ကျခံရန်ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments