top of page

မြေနိမ့်ရပ်ကွက်များတွင် မိုးရေဝပ်သောကြောင့် ဒေသခံအချို့ နေထိုင်ရေးခက်ခဲနေဟုဆို

  • Writer: Pajau Media
    Pajau Media
  • Aug 20, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၀၊ ၈၊၂၀၂၄။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယမန်နေ့အထိ မိုးဆက်တိုက် ရွာသွန်းသောကြောင့် အချို့ရပ်ကွက်ရှိ အိမ်နှင့်လမ်းအချို့ မိုးရေဝပ်ကာ နေထိုင်သွားလာရေး ခက်ခဲနေကြရသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။


မိုးရေဝပ်ကာ ခက်ခဲနေကြသည့် ရပ်ကွက်များမှာ စီတာပူ၊ ကြက်ပေါင်ခြံ၊ လယ်ကုန်း နှင့် ရမ်ပူ ရပ်ကွက်များဖြစ်ပြီး၊ ယနေ့အထိ မိုးရေဝပ်နေဆဲဖြစ်သည့်အပြင် ယင်းရပ်ကွက်များမှာ မြေနိမ့်ရပ်ကွက်များဖြစ်သောကြောင့် အချိန်ကြာမြင့်စွာ ရေဝပ်တတ်သည်ဟု ဆိုသည်။ ထို့ကြောင့် မြစ်ကြီးနားမြို့တွင် ဆက်လက်ပြီး မိုးရွာသွန်းနေမည်ဆိုလျှင် ဇူလိုင်လဆန်းပိုင်းတွင် ဖြစ်ပျက်သကဲ့သို့ ရေဘေးဒုက္ခထပ်မံ ခံစားရမည်ကို စိုးရိမ်နေကြသည်။


အလားတူ ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင်လည်း မိုးဆက်တိုက်ရွာသွန်းပြီး မြစ်ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး ဧရာဝတီမြစ်တစ်လျှောက်နှင့် မြေနိမ့်ရပ်ကွက်အနှံ့တွင် နေထိုင်သည့် ဒေသခံများ၏ နေအိမ်များ၊ ဈေးဆိုင်များ၊ ခြံစည်းရိုးများအားလုံး တစ်စစီဆိုးဆိုးရွားရွား ပျက်စီးခဲ့ရသောကြောင့် နစ်နာဆုံးရှုံးမှု အများဆုံးရင်ဆိုင်ခဲ့ရသလို မြစ်ရေကြီးပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေးမှာ ခက်ခက်ခဲခဲ ပြန်လည်တည်ဆောက်ခဲ့ရကြောင်း သိရသည်။


ထို့အပြင် ယခုကဲ့သို့ မိုးရေဝပ်ချိန် ကြာမြင့်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ညစ်ညမ်းပြီး မြောင်းရေမှ ခြင်ပေါက်ဖွားနှုန်းကိုလည်း ပိုမိုဖြစ်ပွားစေခဲ့ပြီး ပြည်သူများ ကျန်းမာရေးအတွက် ဆိုးရွားလာမည်ကိုလည်း ထပ်မံစိုးရိမ်ရသည်ဟု ဆိုသည်။


လက်ရှိမှာတော့ မြစ်ကြီးနားမြို့အတွင်း အသက်၅နှစ်အောက် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ငှက်ဖျား၊တုတ်ကွေးဖျားနာသူ များပြားနေလျက်ရှိသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page