top of page

မြို့နယ်စည်ပင်သာယာအဖွဲ့မှ အမှိုက်ပုံရှင်းလင်းရေး စတင်လှုပ်ဆောင်

  • Writer: Pajau Media
    Pajau Media
  • Jul 10, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ရက်၊ဇူလိုင်လ၊၂၀၂၄။





ဇူလှိုင်လဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် မြစ်ရေကြီးရေလျှံခြင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ပစ္စည်းများ၊ အမှိုက်များကို မြို့နယ်စည်ပင်သာယာအဖွဲ့မှ ယနေ့ ဇူလှိုင်လ ၁၀ရက်နေ့မှစပြီး စတင်ရှင်းလင်းနေပြီ ဖြစ်သည်။


စီတာပူရပ်ကွက်၊ ဝါဘော်လမ်း(ဂျပန်တံတား)လမ်းရှိ အမှိုက်ပုံကြီးကို စတင်ရှင်းလင်းနေခြင်း ဖြစ်ပြီး၊ ယင်းအနီးအနားရှိ ပြည်သူတစ်ဦးက “တစ်ရပ်ကွက်လုံးက အမှိုက်တွေ ဒီမှာပဲ လာပစ်နေကြတော့ လမ်းတောင်ဖြတ်သွားဖြတ်လာလုပ်ဖို့ မလွယ်တော့ဘူး၊ ပြီးတော့ မိုးက ဆက်တိုက်ရွာနေတော့ အပုပ်အသိုးအနံ့တွေက ပိုပိုဆိုးလာပြီး ကျန်းမာရေးတောင် ထိခိုက်လာနိုင်တယ်။ အခုလို လာသိမ်းပေးလို့ တော်သေးတာပေါ့” ဟု ပြောသည်။


 အဆိုပါ ဂျပန်တံတားလမ်းသည် ယခင်ကထဲက အမှိုက်များ လာရောက်စွန့်ပစ်ရန် အမှိုက်ပုံများထားရှိရာနေရာဖြစ်ပြီး မြစ်ရေကြီးမှုတွင် ရေဝင်အများဆုံး နေရာများထဲက တစ်ခုလည်းဖြစ်သည်။


မြစ်ကြီးနားမြို့တွင် ဇွန်လ ၃၀ ရက်နေ့ကတည်းက မြေနိမ့်သောရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ စတင်ဝင်ရောက်လာခဲ့ပြီး၊ ဇူလှိုင်လ ၃ရက်နေ့ကစ၍ ရေပြန်ကျခဲ့ပေမယ့် ယနေ့အချိန်အထိ သန့်ရှင်းရေများ မပြီးစီးနိုင်သေးကြောင်း ဒေသခံများက ပြောသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page