top of page

မိုးမောက်တွင် စစ်ကောင်စီမှစစ်ကြောင်းထိုးလှုပ်ရှားမှုများ တစ်ဖန်ပြင်းထန်နေ

  • Writer: Pajau Media
    Pajau Media
  • Oct 22, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၂ရက်၊အောက်တိုဘာ၊၂၀၂၄။





ကချင်ပြည်နယ်၊ မိုးမောက်မြို့အနီး ၇မိုင်ကျေးရွာတွင် စစ်ကောင်စီမှ စစ်ကား၅စီးနှင့် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး လှုပ်ရှားလာသဖြင့် KIAဘက်မှ ခုခံတိုက်ခိုက်နေဆဲဖြစ်သောကြောင့် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။


အောက်တိုဘာ၂၀ရက်နေ့မှစပြီး မိုးမောက်၇မိုင်ဘက်သို့ လက်နက်ကြီးအပြင် လေကြောင်း၊ဒရုန်းများဖြင့် ပစ်ခတ်နေခဲ့ပြီး၊ ကုန်းကြောင်းဖြင့်လည်း စစ်ကား၅စီးနှင့်အတူ စစ်ကြောင်းထိုး လှုပ်ရှားမှုများ ပြင်းပြင်းထန်ထန် လုပ်ဆောင်လာကြောင်း သိရသည်။


ထို့အပြင် KIA ဘက်မှလည်း စစ်ကြောင်းထိုး လှုပ်ရှားလာသည့် စစ်တပ်ကို စောင့်ကြိုတိုက်ခိုက်ခဲ့သောကြောင့် စစ်တပ်မှ ပြန်လည် တပ်ဆုတ်ခဲ့ရသည်။


မိုးမောက်ဒေသ အခြေစိုက် ခမရ (၄၃၇)တပ်စခန်းနှင့် ကောင်ဂျာယာန်တပ်စခန်းကို ပြီးခဲ့သည့် အောက်ဂုတ်လတွင် KIAက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက မိုးမောက်ပြန်လည်ရရှိရေးနှင့် ဗန်းမော်လက်မလွှတ်ရေး ပြင်းပြင်းထန်ထန် စစ်ကြောင်းထိုး ထိုးစစ်ဆင်ခဲ့သည့်အပြင် လေကြောင်းဖြင့်လည်း ရမ်းသမ်းပစ်ခတ်မှုများ နေ့စဉ်ရှိခဲ့ကြောင်း သိရသည်။


တိုက်ပွဲရပ်နားချိန်တွင်လည်း လေကြောင်းဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံ အရပ်သားပြည်သူပေါင်း သောင်းဂဏန်းမှာ ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်ပြီး၊ နေအိမ်၊ အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရပြီး၊ အချို့ဒေသခံများ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိနေသည်ဟု ဆိုသည်။ အဆိုပါ စစ်ရှောင်များသည် တိုက်ပွဲရပ်နားချိန် မိမိနေရပ်သို့ ခေတ္တခဏ သွားရောက်ကြည့်ရှုရန်ပင် လေကြောင်းရန် ကြောက်ရသောကြောင့် မပြန်နိုင်ပဲနေနေကြရသည်။


လက်ရှိတွင်စစ်ကောင်စီတပ်ဖွဲ့က မိုးမောက်ဒေသအပြင် အခြားဒေသများအထိပါ လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ နေ့စဉ်ရှိနေပြီး၊ KIA/KPDF ပူးပေါင်းတပ်ဖွဲ့ကလည်း အောက်တိုဘာလအတွင်းပင် နယ်ခြားစောင့်တပ်ဌာနချုပ်ဖြစ်သည့် ပန်ဝါမြို့၊ ချီဖွေမြို့နှင့် ဆော့လော်မြို့ရှိ အမှတ် ၁၀၀၂၊၁၀၀၃တပ်ရင်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး၊ နယ်မြေရှင်းလင်းရေးနှင့် KIO အုပ်ချုပ်ရေးယန္တယားများပါ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page