top of page

မိုးမောက်ဒေသတွင် နှစ်ဖက်တပ်ဖွဲ့ တိုက်ပွဲဆက်လက်ပြင်းထန်

  • Writer: Pajau Media
    Pajau Media
  • Jun 26, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။



ကချင်လွတ်လပ်ရေးတပ်(KIA) အမှတ်(၃) တပ်မဟာ၊ အမှတ်(၁၅)တပ်ရင်း၊ မိုးမောက်ဒေသတွင် KIAနှင့် စစ်ကောင်စီတပ်ဖွဲ့များ တန်ပြန်တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကြောင်း သိရသည်။


မိုးမောက်ဒေသတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ခ.မ.ရ(၄၃၇)တပ်ဖွဲ့မှ စစ်ကြောင်းထိုး လှုပ်ရှားလာသောကြောင့် KIA ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ ဇွန်လ ၂၅ရက်နေ့တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ အပြန်အလှန် တန်ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။


 တိုက်ပွဲပြင်းထန်နေချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းအပြင် လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ပြီး၊ စစ်ကောင်စီတပ်မှ ဗန်းမော်မြို့မှ မံစီမြို့ဘက်သို့ စစ်ကြောင်းထိုး လှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်းသိရသည်။


အလားတူ ဖားကန့်ဒေသဘက်တွင်လည်း ယမန်နေ့က စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး လှုပ်ရှားနေချိန် KIA ပူးပေါင်းတပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။


ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာအနီးတွင် စစ်တပ်နှင့် KIAအကြား တိုက်ပွဲဖြစ်ပွားနေစဉ် စစ်တပ်ကပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် လုံးခင်းကျေးရွာရှိ ပြည်သူနေအိမ်တွင် ကျရောက်ပေါက်ကွဲပြီး မီးလောင်သွားခဲ့သည်။


ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့နယ်တွင် နှစ်ဖက်တပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများရှိလာခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့မှ စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page