top of page

မိုးမောက်မြို့တွင် စစ်ကောင်စီ နေ့စဉ်လေကြောင်းဖြင့် ဗုံကြဲတိုက်ခိုက်မှုပြုပြီး ဆက်လက်တိုက်ပွဲပြင်းထန်

  • Writer: Pajau Media
    Pajau Media
  • Aug 14, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၄၊ ၈၊ ၂၀၂၄



ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ကချက်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီ တပ်အကြား တိုက်ပွဲ ဆက်လက်ပြင်ထန်နေပြီး စစ်ကောင်စီဘက်မှ လေကြောင်းအသုံးပြုပြီး ဗုံကြဲတိုက်ခိုက်နေသည်ဟု KIA စစ်ရေးသတင်းရင်းမြစ်ထံမှ ကြားသိရသည်။


KIA အနေဖြင့် မိုးမောက်မြို့အပြင်ရှိ နောက်ဆုံးကျန်တပ်စခန်းဖြစ်တဲ့ ခ.မ.ရ (၄၃၇) စစ်ကောင်စီတပ်ရင်းကို သိမ်းပိုက်ရေး ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ရက်ရှည်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်။


လက်ရှိ KIAနဲ့ ပူးပေါင်းတပ်အဖွဲ့က သိမ်းပိုက်ခါနီး အခြေအနေ ဖြစ်နေသည့်အတွက် စစ်ကောင်စီဘက်မှ မိုးမောက်မြို့ ခမရ (၄၃၇) တပ် မကျရေးအတွက် လေကြောင်းဖြင့် အပြင်းအထန်ခုခံတိုက်ခိုက် နေသည်ဟု သိရှိရသည်။


ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက်နေ့က လေကြောင်းဖြင့် ၁၀ ကြိမ်ထက်မနည်း ဗုံကြဲတိုက်ခိုက်ခဲ့သောကြောင့် ခမရ (၄၃၇) ပျက်စီးမှု များစွာရှိကြောင်း သိရသည်။


ထိုအပြင် စစ်ကောင်စီမှ မိုးမောက်မြို့တွင် နေတိုင်းနီးပါး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။


လက်ရှိ နှစ်ဖက်အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေကာ စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးမောက်ဒေသတွင်ရှိ ပြည်သူများ အင်ခေါင်းပါ၊ လွယ်ဂျယ်၊ မံဝိန်းကြီးကုန်လောနှင့် ဒေါ့ဖုန်းယန်ဒေသများတွင် စစ်ရှောင်နေကြရကြောင်း KIA သတင်းပြန်ကြားရေးထံမှ သိရှိရပြီး သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းရေးတပ်များ သိမ်းပိုက်ထားခဲ့သည်။


စစ်ကောင်စီတပ်မှ ပြီးခဲ့သော ဇူလိုင်လ ၂၁ ရက်နေ့မှ စတင်ပြီး ကချင်ပြည်နယ်တစ်ခုလုံး ဖုန်း၊ အင်တာနက်လိုင်းများပြတ်တောက်မှုကြောင့် မြေပြင်အခြေအနေ သတင်း အသေးစိတ်ကို သိရှိနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page