top of page

မိုးမောက်မြို့တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို KIA မှ ကြားဖြတ်တိုက်ခိုက်ကာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

  • Writer: Pajau Media
    Pajau Media
  • Jul 16, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊ဇူလိုင်လ၊၂၀၂၄ခုနှစ်။



ကချင်လွတ်လပ်ရေးတပ်မတော်၊ အမှတ်(၃) တပ်မဟာ၊ မိုးမောက်ဒေသတွင် KIA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။


ယမန်နေ့ ဇူလိုင်လ ၁၅ရက် ညနေ၄နာရီအချိန်ခန့်တွင် မိုးမောက်ရှိ ခ.မ.ရ (၄၃၇)တပ်မှ စစ်ကြောင်းများ မိုးမောက်-၇မိုင်ဘက်သို့ စစ်ကြောင်းထိုး လှုပ်ရှားလာချိန် KIA/KPDF ပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။


ထို့အပြင် ယနေ့ ဇူလိုင်လ ၁၆ရက်နေ့ နံနက်(၆)နာရီခန့်တွင်လည်း ဗန်းမော်မှ မိုးမောက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို တပ်မဟာ(၃)တပ်ဖွဲ့ဝင်များနှင့် KPDF ပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲပြန်လည် ပြင်းထန်လျက်ရှိကြောင်း သိရသည်။


ယင်းတိုက်ပွဲတွင် နှစ်ဖက်စစ်ရေးမှာ တိုက်ပွဲပြင်းထန်နေသည့်အပြင် စစ်ကောင်စီဘက်မှလည်း တင့်ကားနှင့် လူအင်အား အများအပြားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး၊ ယမန်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်လည်း ဗန်းမော်မြို့တွင် အခြေစိုက်သည့် စစ်ကောင်စီ ခ.လ.ရ (၄၇)တပ်မှ မံစီကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။


လက်ရှိမှာတော့ မိုးမောက်နှင့် မံစီဒေသတို့တွင် ကချင်လွတ်လပ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့မှာ စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်ကြောင်းသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page