top of page

မိုးမောက် ၇မိုင်တွင် စစ်ကောင်စီမှ အင်အားဖြည့်လှုပ်ရှားနေဆဲဖြစ်သည့်အတွက် တိုက်ပွဲပြင်းထန်နေဆဲ

  • Writer: Pajau Media
    Pajau Media
  • Oct 31, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၃၁ရက်၊အောက်တိုဘာ၊၂၀၂၄။



ကချင်ပြည်နယ် မိုးမောက် ၇မိုင်ဘက်သို့ စစ်ကောင်စီမှ အောက်တိုဘာ ၂၀ရက်မှစ၍ တစ်ဖန်ပြန်လည် စစ်အင်အားဖြည့်တင်းပြီးလှုပ်ရှားလာသောကြောင့် လက်ရှိအချိန်ထိ စစ်​ကောင်စီနှင့် KIA ပူပေါင်းတပ်ဖွဲ့ကြားတွင်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်းသိရသည်။


မိုမောက် ၇မိုင်အနီးတစ်ဝိုက်တွင် အောက်တိုဘာ ၂၈ရက်နေ့၌ တင့်ကား ၄စီးဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် KIA ပူပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ကြောင်းရှေ့တန်းသတင်းအရင်းအမြစ်မှ သိရသည်။


လက်ရှိအချိန်ထိ စစ်ရေးတင်းမာ​ နေဆဲ​ဖြစ်​​​​ကြောင်းနှင့် တိုက်ပွဲအတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်​နေ သည်သာမက ဗန်းမော်ရှိ စ.က.ခ( ၂၁)မှလည်း လက်နက်ကြီးပစ်ကူပြီး စစ်ကူလွှတ်ပေးခြင်းများ လုပ်ဆောင်နေကြောင်းလည်းသိရသည်။




စစ်ကောင်စီတပ်က လက်လွှတ်လိုက်ရသည့် တပ်စခန်းများကို ပြန်လည်ရယူနိုင်ရေး နည်းလမ်းမျိုးစုံသုံးကာ အပြင်းအထန်တိုက်ခိုက်နေပြီး လက်ရှိတိုက်ပွဲဖြစ်ပွားမှု မရှိသည့် ဝိုင်းမော် အောင်မြေ( ၁)အနီးပတ်ဝန်းကျင်တွင်လည်း ​​​အောက်တိုဘာ ၂၈ ရက်နေ့က လေကြောင်းဖြင့် ဗုံး၂ကြိမ်လာရောက်ကျဲသွားကြောင်း ဒေသခံများထံမှသိရသည်။


စစ်ကောင်စီက တိုက်ပွဲနှင့်မသက်ဆိုင်သည့် ပြည်သူများနေထိုင်ရာ နေရာများကို ပစ်မှတ်ထား တိုက်ခိုက်နေကြောင်းနှင့် ဝိုင်းမော်အနီးတဝိုက်တွင် နေ့စဉ်ရက်ဆက် လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်းများ မကြာခဏ လုပ်ဆောင်နေသောကြောင့်သတိထား စိုးရိမ်နေရကြောင်းသိရသည်။


အလားတူ KIA တပ်မဟာ (၉) အခြေစိုက်ဖြစ်သည့် ဖားကန့်နယ်မြေအတွင်း ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့ မနက် ၁၀ နာရီခန့်အချိန်တွင် လေကြောင်းဖြင့် ၄ကြိမ်တိတိ လာရောက် ဗုံးကျဲခဲ့ကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page