မြေမြင့်ရပ်ကွက်တွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ
- Pajau Media

- Apr 20
- 1 min read
ပါဂျောင်မီဒီယာ
၂၀ရက်၊ဧပြီ၊၂၀၂၆။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယမန်နေ့ ည ၈ နာရီအချိန်ခန့်က မြေမြင့်ရပ်ကွက် နယ်မြေ (၁၀)၊ မြေမြင့်ဘုန်းကြီးကျောင်းအနီးတွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် လမ်းဘေးတွင် သေဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူအမျိုးသားသည် ဦးခေါင်းတွင် သေနတ်ထိမှန်ဒဏ်ရာဖြင့် မြေမြင့်ဘုန်းကြီးကျောင်း အနောက်ဘက် လမ်းဘေးတွင် သေဆုံးနေကြောင်း သိရသည်။
ထိုသေဆုံးသူအမျိုးသားသည် မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးသောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လူမူကူညီရေးအသင်းက အလောင်းကို ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင်း ခိုးဆိုးလုယက်သတ်ဖြတ်နေသည့် ဖြစ်စဉ်များ မကြာခဏဆိုသလို ဖြစ်နေသောကြောင့် ပြည်သူများ သွားလာသတိထားကြရန် တာဝန်ရှိသူများနှင့် လူမူကူညီရေးအသင်းများက သတိပေး ပြောဆိုထားသည်။
သတင်း-ဖရိန်း
Photo credit on Social media




Comments